တစ်နေ့ ၁ နာရီကြာ အိမ်အပြင်ဘက် ထွက်ကစားခွင့်ရတဲ့ ကလေးငယ်တွေဟာ ဉာဏ်ရည်ပိုထက်ပြီး တီထွင်ဖန်တီးမှုစွမ်းရည် ပိုကောင်းနိုင်တယ်လို့ လေ့လာမှုတွေက ဖော်ပြပါတယ်။
ဒီဘက်ခေတ်မှာ ကလေးငယ်တွေဟာ ဖုန်း၊ လက်ပ်တော့ အစရှိတဲ့ အီလက်ထရောနစ်ပစ္စည်းတွေနဲ့သာ အချိန်ကုန်ရလေ့ ရှိပါတယ်။ ကနေဒါနိုင်ငံ၊ အွန်တာရီယိုပြည်နယ်မှာ ပြုလုပ်ခဲ့တဲ့ အကြီးစား လေ့လာမှုတစ်ရပ်အရ တစ်နေ့ကို အိမ်အပြင်ဘက်မှာ အနည်းဆုံး မိနစ် ၆၀ ကြာ ကစားခွင့်ရတဲ့ ကလေးငယ်တွေဟာ ပြဿနာ ဖြေရှင်းနိုင်စွမ်း ပိုကောင်းသလို မှတ်ဉာဏ်ပိုကောင်းတယ်လို့ တွေ့ရှိခဲ့ပါတယ်။
အသက် ၁၀ နှစ်မှ ၁၃ နှစ်ကြား ကလေးငယ် ၈၀၀ ကျော်နဲ့ သူတို့ရဲ့မိဘတွေ ပါဝင်တဲ့ အဲဒီသုတေသနမှာ အပြင်ထွက် ကစားခွင့်ရတဲ့ ကလေးငယ်တွေနဲ့ အပြင်ထွက် ကစားခွင့်မရတဲ့ ကလေးငယ်တွေဆိုပြီး (၂)ဖွဲ့ ခွဲခြားကာ လေ့လာမှုလုပ်ခဲ့တာ ဖြစ်ပါတယ်။
လက်ရှိလူနေမှုပုံစံအရ အနောက်တိုင်း ကလေးငယ်တွေဟာ အိမ်အပြင်ဘက် ထွက်ကစားချိန် နည်းပါးလာပြီး အရင်မျိုးဆက်တွေနဲ့စာရင် ပတ်ဝန်းကျင်နဲ့ထိစပ်မှု ပိုနည်းပါးလာတာကြောင့် ကလေးတွေနဲ့ လိုက်လျောညီထွေ ဖြစ်စေမယ့် ပတ်ဝန်းကျင်တွေ ဖော်ဆောင်ပေးဖို့အတွက် မူဝါဒပိုင်းဆိုင်ရာ ပြောင်းလဲသင့်တယ်လို့ သုတေသနမှာ အကြံပြုထားပါတယ်။
Ref: Studies show 1 hour outside a day = smarter, more creative kids.
NZ ( ရိုးရာလေး)

