ရေထိများရင် လက်ချောင်းထိပ်တွေ ဘာကြောင့်တွန့်သွားရသလဲ

hand.gif

မိမိတို့ရဲ့ လက်ချောင်းထိပ်တွေဟာ ရေထိတာ၊ စိုတာများရင် တွန့်သွားတာကို မြင်ဖူး၊ ကြုံကြရမှာပါ။ ရေကူးတဲ့အခါပဲ ဖြစ်ဖြစ်၊ ပန်းကန်ဆေးတဲ့အခါပဲ ဖြစ်ဖြစ်၊ ရေကို ခပ်ကြာကြာ ကိုင်တဲ့အခါပဲဖြစ်ဖြစ် ဖြစ်ပါတယ်။

အမှန်တော့ ဒါဟာကောင်းတဲ့လက္ခဏာ ဖြစ်ပါတယ်။ ဘာလို့လဲဆို မိမိရဲ့ ဦးနှောက်နဲ့ အာရုံကြောစနစ်ဟာ ကောင်းကောင်း အလုပ်လုပ်နေသေးကြောင်းကိုပြသခြင်း ဖြစ်ပါတယ်။ အကယ်၍ ဦးနှောက်နဲ့ အာရုံကြော မကောင်းတဲ့သူတွေမှာဆိုရင် မဖြစ်တတ်ပါဘူး။ ရေနဲ့ အသားရေတစ်ရှူးတို့ ထိခိုက်တဲ့အခါ အတွင်းမှာသွားနေတဲ့ အာရုံကြောကိုထိပြီး သူကနေပြန်ပြီးတော့ အကြောင်းပြန်လို့ အသားကိုကျုံ့သွားစေခြင်း ဖြစ်ပါတယ်။

ဒါကြောင့်မို့ ယင်းရှာဖွေတွေ့ရှိမှုဟာ လူကျန်းမာရေးအတွက်တင်မကဘဲ အခြားသောတီထွင်ဆန်းသစ်မှုမှာလည်း တွေးစရာ concept တစ်ခုရရှိစေကြောင်း ဆိုပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top