ခြေထောက်အနံ့ထွက်လို့ စိတ်ညစ်နေလား

yyl-031-4.jpg

ခြေထောက်အနံ့ဆိုးထွက်တာက စိတ်ပျက်စရာကောင်းတဲ့အသားရေပြဿနာဖြစ်နိုင်ပါတယ်။ ခြေထောက်အနံ့ကို မခံနိုင်လို့ အနံ့ဆိုးကို ဖယ်ရှားပစ်ချင်နေပြီလား။ အဲဒါဆိုရင်တော့ တစ်ခုခုလုပ်ဖို့လိုနေပြီနော်။ အခုဆောင်းပါးမှာ ဖော်ပြပေးမယ့် နည်းလမ်းတွေကို လိုက်လုပ်ကြည့်ပြီး ခြေထောက်အနံ့ဆိုးတွေကို ဖယ်ရှားလိုက်ရအောင်..။

ဖိနပ်ကို ရွေးချယ်ဝတ်ဆင်ပါ

လေဝင်လေထွက်ရှိတဲ့၊ သက်တောင့်သက်သာရှိတဲ့ ဖိနပ်တွေကို ရွေးချယ်ဝတ်ဆင်ပါ။ နေ့တိုင်း ဖိနပ်တစ်ရံတည်း ဝတ်ဖြစ်နေရင် ဒီအလေ့အကျင့်ကို ပြောင်းလဲပစ်ဖို့လိုပါတယ်။ ဖိနပ်မှာ ခြေဆီရှိနေရင် ခြောက်သွေ့သွားအောင် အချိန်ခဏပေးဖို့ လိုပါတယ်။

ခြေအိတ်ဝတ်ပါ

ရှုးဖိနပ်စီးတဲ့အခါ ခြေအိတ်ဝတ်ဖို့ မေ့နေရင် ခြေထောက်အနံ့ထွက်ရခြင်းရဲ့အကြောင်းအရင်းဖြစ်သွားနိုင်ပါတယ်။ ခြေအိတ်မဝတ်ရင် သင့်အသားရေကို ဘတ်တီးရီးယားပိုးတွေ ကပ်ညှိစေတဲ့အပြင် ခြေထောက်ကို အစိုဓာတ်ပြန်စေနိုင်ပါတယ်။ ဒါကြောင့် ရှုးဖိနပ်စီးတဲ့အခါ ခြေထောက်ဝတ်ဖို့ မမေ့ပါနဲ့။

ခြေထောက်ကို သန့်ရှင်းပါ

သင် အိမ်ပြန်ရောက်တာနဲ့ သင့်ခြေထောက်ကို သန့်ရှင်းဆေးကြောပေးဖို့ မမေ့ပါနဲ့။ မနက်ပိုင်း ရေချိုးပြီးရင် ခြေထောက်ကို ခြောက်အောင်သုတ်ပေးပါ။ အစိုပြန်တဲ့နေရာတွေက ဘတ်တီးရီးယားပေါက်ဖွားနိုင်ပါတယ်။ ဒါကြောင့် သင့်ခြေထောက်နဲ့ ခြေချောင်းကြားတွေကို ခြောက်သွေ့နေအောင်လုပ်ဖို့ လိုပါတယ်။

ဆဲလ်အသေတွေကို ဖယ်ရှားပေးပါ

ခြေထောက်စိုထိုင်းထိုင်းဖြစ်တဲ့အခါ အရေပြားဆဲလ်အသေတွေက ဘတ်တီးရီးယားပိုးမွှားတွေကို ပေါက်ဖွားစေနိုင်ပါတယ်။ ဒါကြောင့် ကြမ်းတမ်းတဲ့အရေပြားနဲ့ ဆဲလ်အသေတွေကို ဖယ်ရှားဖို့အတွက် တစ်ပတ် တစ်ခါလောက် ခြေထောက်ကို တံစဉ်းနဲ့ ပွတ်တိုက်ပေးပြီး ခြေထောက်ကို သန့်ရှင်းအောင်ထားပေးသင့်ပါတယ်။

ခြေထောက်ရေစိမ်ပေးပါ

သင့်ခြေထောက်က ပုံမှန်ထက် အနံ့ဆိုးထွက်နေတယ်လို့ ခံစားမိရင် ခြေထောက်ရေစိမ်ပေးလိုက်ပါ။ ရေထဲကို ပန်းသီးအရက်ရှာလကာရည်ထည့်ပြီး ခြေထောက်ကိုရေစိမ်ကြည့်ပါ။ ပန်းသီးအရက်ရှာလကာရည်က ခြေထောက်က ဘတ်တီးရီးယားတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ခြေထောက်အနံ့ထွက်တာကို ဖယ်ရှားဖို့အတွက် တစ်ပတ် တစ်ခါလောက် (၁၀-၁၅) မိနစ်လောက် ခြေထောက်ရေစိမ်ပေးသင့်ပါတယ်။

Ref: 5 ways to get rid of smelly feet

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top