ယူကရိန်းကျောင်းသားလေးတစ်ဦးဟာ သူ့ရဲ့ Minecraft ဂိမ်းဆာဗာကို ငွေကြေးအများအပြားနဲ့ ရောင်းချနိုင်ခဲ့ပြီး သူ့မိခင်အတွက် အိမ်ဝယ်ပေးနိုင်ခဲ့ပါတယ်။ အသက် ၁၇ နှစ်အရွယ် ကျောင်းသားလေး ဂါဗရီလင်ကိုဟာ (ရုရှား – ယူကရိန်းတိုက်ပွဲတွေကြောင့်) ၂၀၂၁ ခုနှစ်က စကော့တလန်နိုင်ငံကို ပြောင်းရွှေ့နေထိုင်ခဲ့ပြီး အသုံးပြုသူနည်းပါးတဲ့ Minecraft ဂိမ်းဆာဗာကို ပေါင် ၁၀၀၀ နဲ့ ဝယ်ယူခဲ့တာပါ။
နောက်ပိုင်းနှစ်တွေမှာတော့ ဂါဗရီလင်ကိုနဲ့ သူငယ်ချင်း ၂ ယောက်က ဆာဗာကို ပြင်ဆင်ပြောင်းလဲမှုတွေလုပ်ခဲ့ပြီး သူတို့ရဲ့ဆာဗာကို ဝင်ရောက်ကစားသူတွေလည်း သိသိသာသာ တိုးပွားလာခဲ့ပါတယ်။ ဒါကြောင့် ကြော်ငြာသမားတွေ မျက်စိကျတဲ့ ဆာဗာတစ်ခုဖြစ်လာပြီး တန်ဖိုးကလည်း သိသိသာသာ မြင့်တက်လာခဲ့တာပါ။
ဂါဗရီလင်ကိုက သူ့ရဲ့ဆာဗာကို ၂၀၂၃ ခုနှစ်မှာ ရောင်းချခဲ့တာဖြစ်ပြီး ဘယ်လောက်နဲ့ ရောင်းချခဲ့သလဲဆိုတာ အတိအကျဖော်ပြခြင်း မရှိပါဘူး။ ဒါပေမဲ့ အိမ်ဝယ်ယူနိုင်တယ်ဆိုတော့ ပမာဏများပြားလိမ့်မယ်လို့ ယူဆထားကြပါတယ်။
Ref: Ukrainian schoolboy to buy home for his mother after selling Minecraft server
NZ ( ရိုးရာလေး)

