မြေမြှုပ်ပြီးကာမှ သေရာကနေပြန်ရှင်လာခဲ့တဲ့ ခွေးလေး

Dog-digs-himself-out-of-his-own-GRAVE-after-owners.jpg

သေဆုံးသွားခဲ့တဲ့ ခွေးလေးတစ်ကောင်ကို သူ့ရဲ့သခင် မြေမြှုပ်ပြီးတဲ့နောက် သေရာကနေ ပြန်ရှင်လာခဲ့ပါတယ်။ သူ့ရဲ့အုတ်ဂူကနေ ပြန်ထွက်လို့ရအောင် သူကိုယ်တိုင် မြေကိုဆွပြီး သူ့ရဲ့သခင်ဆီကို ပြန်လည်ရောက်ရှိလာခဲ့တယ်လို့ သိရပါတယ်။

အသက် (၁၈) နှစ်အရွယ် ဒစ် (Dik) ဆိုတဲ့ခွေးလေးကို စောင်ပေါ်မှာ မလှုပ်မရပ်နဲ့ သူ့ရဲ့သခင် တွေ့ရှိပြီးတဲ့နောက်မှာ သေသွားပြီအထင်နဲ့ မြေမြှုပ်ခဲ့တာပါ။ ဒါပေမဲ့ သူ မြေမြှုပ်ခံထားရပြီးတဲ့နောက်မှာ ပြန်နိုးလာခဲ့ပြီး အုတ်ဂူကနေ အပြင်ကို ပြန်ထွက်ဖို့ မြေကို ဆွခဲ့ပါတယ်။ အဲဒီခွေးလေးက မြေဆွပြီး ပြန်ထွက်လာခဲ့သလို အမြန်လမ်းမကြီးထိရောက်အောင် သွားနိုင်ခဲ့ပါတယ်။

ဖြတ်သွားဖြတ်လာသူတွေက လမ်းမပေါ်မှာ လဲလျောင်းနေတဲ့ ဒစ်ကို တွေ့ရှိခဲ့ပြီး Open Your Heart ဆိုတဲ့ တိရစ္ဆာန်ကယ်ဆယ်ရေးကို ခေါ်သွားပေးခဲ့ပါတယ်။ နောက်ပိုင်းမှာ ကယ်ဆယ်ရေးဝန်ထမ်းတွေက သူ့ကိုမွေးချင်တဲ့သူရှိမလားဆိုတဲ့ဆန္ဒနဲ့ သူတို့ရဲ့လူမှုကွန်ယက်အကောင့်မှာ ဒစ်ရဲ့ပုံတွေကို တင်ခဲ့တယ်လို့ သိရပါတယ်။

ဒစ်ရဲ့သခင်တွေက ပုံတွေကို မြင်တွေ့ခဲ့ပြီး ခွေးလေးကို ပြန်ခေါ်သွားဖို့အတွက် တိရစ္ဆာန်ကယ်ဆယ်ရေးဂေယာကို ရောက်လာခဲ့ပါတယ်။ “ဒစ်ရဲ့သခင်တွေက သူ့ကို နိုးလို့မရတာနဲ့ သေသွားပြီလို့ ထင်မှတ်ခဲ့တာပါ။ ကံကောင်းတာက သူ့ကို တွင်းနက်နက်ကြီးထဲ မမြှုပ်ခဲ့တဲ့အတွက် သတိလည်းပြန်ရကော အပြင်ကို ပြန်ထွက်နိုင်ခဲ့ပါတယ်။ သူ့ရဲ့သခင်နှစ်ယောက်က အိမ်ကို ပြန်ခေါ်ဖို့ ရောက်လာခဲ့ပြီး ငိုခဲ့ပါသေးတယ်။ သူတို့က အရမ်းကျေးဇူးတင်ခဲ့ပြီး ကျွန်မတို့ကို ယူရို (၆၀) တောင် လှူဒါန်းခဲ့ပါတယ်”လို့ ကယ်ဆယ်ရေးဂေယာရဲ့ခေါင်းဆောင် အီရီနာ မူဒရိုဗာ (Irina Mudrova) က ဆိုပါတယ်။

အင်တာနက်အသုံးပြုသူတွေကြားမှာတော့ ဒီဖြစ်ရပ်က မြေမြှုပ်ထားတဲ့တိရစ္ဆာန်တွေ ပုံမှန်မဟုတ်ဘဲ အသက်ပြန်ရှင်လာတဲ့ “Pet Sematary”ဆိုတဲ့ သရဲဝတ္ထုနဲ့ ဆင်တူတယ်လို့ ပြောဆိုမှုတွေရှိခဲ့ပါတယ်။

“ဒစ်ရဲ့သခင်တွေက Pet Semataryကို မဖတ်ဖူးကြဘူးလားမသိ။ သူတို့ရဲ့အသက်အတွက် မကြောက်ကြဘူးလား”၊ “ဒစ်အတွက် ပျော်လို့ ငိုနေပါပြီ။ အဲဒီလိုသခင်မျိုးတွေရှိတယ်နော်”၊ “ကျွန်မရဲ့ကြောင်လေးကို အသက်ရှိလျက်မြေမြှုပ်လုနီးပါးဖြစ်ခဲ့ဖူးပါတယ်။ ကံကောင်းစွာနဲ့ပဲ သူ့ကို မြေမမြှုပ်ခင်မှာ ပြန်နိုးလာခဲ့တယ်”အစရှိတဲ့ကွန်မန့်တွေလည်း ရေးသားခဲ့ပါတယ်။

Ref: The real life Pet Sematary! ‘Dead’ dog digs out of its GRAVE and returns to its stunned Russian owners who’d buried it
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top