ဇာတ်လမ်းတွဲအသစ်ရဲ့စားဖိုမှူးဇာတ်ရုပ်အတွက် ဟင်းချက်နည်းသင်တန်းကို ၃ လ တက်ခဲ့ရတဲ့ မင်းသမီး ယွန်နာ

yoona.png

လက်ရှိထုတ်လွှင့်ပြသနေတဲ့ ကိုးရီးယားနန်းတွင်းဇာတ်လမ်းတွဲ Bon Appetit, Your Majesty မှာ မင်းသမီးယွန်နာက မင်းသားလီချယ်မင်းနဲ့အတူ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ယွန်နာက ဒီဇာတ်လမ်းတွဲအတွက် ပြင်ဆင်မှုတော်တော်များများလုပ်ခဲ့ရတယ်လို့ ဇာတ်လမ်းတွဲရဲ့ Press Conference ပွဲမှာ ပြောကြားထားပါတယ်။

ယွန်နာက ဂျိုဆွန်းခေတ်ကို ရောက်သွားခဲ့တဲ့ Michelin ကြယ် ၃ ပွင့်ရထားတဲ့ ခေတ်သစ်စားဖိုမှူး ယွန်ဂျီယောင်းအဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ သူ ဟင်းချက်လာခဲ့တာ ကြာပြီဖြစ်ပေမဲ့ ဒီဇာတ်ရုပ်ကို သရုပ်ဆောင်ရမယ်ဆိုကတည်းက ဟင်းချက်တဲ့အခန်းတွေမှာ လူစားမထိုးချင်တာကြောင့် ဟင်းချက်နည်းသင်တန်းတွေတက်ရောက်ခဲ့ပြီး သူ့ရဲ့ဟင်းချက်စွမ်းရည်တိုးတက်အောင်လုပ်ခဲ့ရပါတယ်။ သူဟာ ဟင်းချက်ရတာစိတ်ဝင်စားတဲ့သူဖြစ်တဲ့အတွက် ဒီဇာတ်ရုပ်ကို သရုပ်ဆောင်ရာမှာ အကူအညီဖြစ်စေခဲ့ပါတယ်။ အစားအစာပါဝင်ပစ္စည်းတွေနဲ့ ဟင်းအမယ်တွေကို သင်ယူရတဲ့အချိန်မှာ တချို့အရာတွေက ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်ပေမဲ့ ဇာတ်ရုပ်အတွက် အကူအညီဖြစ်စေမယ့် သင်ယူရမယ့်အရာတွေလည်းရှိခဲ့ပါတယ်။

ယွန်နာက ဇာတ်လမ်းတွဲမရိုက်ကူးခင် ဟင်းချက်နည်းသင်တန်းကို ၃ လ တက်ခဲ့တာပါ။ ခေတ်သစ်ဟင်းလျာတွေအတွက် အဓိကကျတဲ့ ပါဝင်ပစ္စည်းတွေနဲ့ချက်ပြုတ်နည်းတွေပြင်ဆင်ဖို့ ဆရာတွေက ထောက်ပံ့ကူညီပေးခဲ့ပါတယ်။ ဇာတ်လမ်းတွဲရဲ့အပိုင်းတိုင်းမှာ အစားအစာအသစ်တွေပါဝင်တဲ့အတွက် သင်ကြားပေးတဲ့ ဆရာတွေရှိပါတယ်။ အဲ့ဒါကြောင့် ယွန်နာက ဘယ်လိုချက်ရမလဲဆိုတာ နားလည်ခဲ့တယ်လို့ သိရပါတယ်။

Bon Appetit, Your Majesty ဟာဆိုရင် ခေတ်သစ်စားဖိုမှူးက ဂျိုဆွန်းခေတ်ကို ရုတ်တရက်ရောက်သွားပြီး တော်ဝင်စားတော်ကဲဖြစ်သွားခဲ့တဲ့အကြောင်းရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲဖြစ်ပါတယ်။ ဩဂုတ်လ ၂၃ ရက်နေ့က Netflix မှာ စတင်ထုတ်လွှင့်ပြသခဲ့တာပါ။

Ref: Im YoonA Cooking Course For The Role Of Chefs In ‘Bon Appetit, Your Majesty’

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top