အိုမီခရွန်ကို ပစ်မှတ်ထားတဲ့ Pfizer နဲ့ BioNTech ကာကွယ်ဆေး ဖြန့်ဖြူးရောင်းချဖို့ ဆိုင်းငံထား

17-2-2022-yyl5.jpg

မျှော်လင့်ထားတာထက် ဒေတာစုဆောင်းမှုဖြစ်စဉ်နှေးကွေးတာကြောင့် ကိုဗစ်မျိုးကွဲ အိုမီခရွန်ကို တိုက်ဖျက်ဖို့ ထုတ်ထားတဲ့ Pfizer နဲ့ BioNTech ကာကွယ်ဆေး ဖြန့်ဖြူးရောင်းချမှုကို ရက်သတ္တပတ်များစွာ ဆိုင်းငံထားတယ်လို့ BioNTech အမှုဆောင်အရာရှိချုပ် အူဂါ ဆာဟင် (Ugur Sahin) က ကြာသပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။ ကာကွယ်ဆေး အဆင်သင့်ဖြစ်ပြီဆိုရင် အဲဒါကို လိုအပ်နေသေးလားဆိုတာ ကုမ္ပဏီက အကဲဖြတ်သွားမှာ​ဖြစ်တယ်လို့ ဆာဟင်က ဆိုပါတယ်။

“အိုမီခရွန်လှိုင်း ​ပြီးသွားရင် အဲဒါက ပြန်မ​ဖြစ်နိုင်ဘူးလို့ မဆိုလိုပါဘူး” လို့ ပြောကြားရင်း လိုအပ်ပါက မျိုးကွဲတွေထွက်ပေါ်လာရင်လည်း BioNTech က ကာကွယ်ဆေးအသစ်တွေ ဆက်လက်ဖန်တီးနိုင်တဲ့ အနေအထားမှာရှိတယ်လို့ ဆာဟင်က ဖြည့်စွက် ပြောကြားခဲ့ပါတယ်။ “အံ့ဩဖွယ်ရာအခြေအနေလိုတော့ ကျွန်တော် မမြင်ပါဘူး” လို့ အနာဂတ်မှာ ကိုရိုနာဗိုင်းရပ်​တွေ ဘယ်လိုပေါ်ထွက်လာလိမ့်မယ်ဆိုတာကို ရည်ညွှန်းကာ ပြောကြားခဲ့ပါတယ်။

BioNTech က ကာကွယ်ဆေးကို မတ်လကုန်မှာ စတင်​​ဖြန့်​ဖြူး ရောင်းချဖို့ အရင်က မျှော်မှန်းထားခဲ့တာပါ။ ဒါပေမဲ့ ဇန်နဝါရီနှောင်းပိုင်းက ဆာဟင်ဟာ ​ဖြန့်ဖြူးဖြစ်မဖြစ်ကတော့ ဆေးကုသမှုဆိုင်ရာဒေတာထိန်းချုပ်မှု ဘယ်လောက်လိုအပ်လဲဆိုတာအပေါ်မူတည်တယ်လို့ ပြောကြားထားခဲ့ပါတယ်။

Ref: Reuters “Pfizer and BioNTech Omicron-targeted vaccine delayed – BioNTech CEO”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top