ချစ်သူထရာဗစ်ကယ်လ်စီနဲ့ စေ့စပ်လိုက်ပြီဖြစ်တဲ့ တေလာဆွစ်ဖ်

swi.jpg

ကမ္ဘာကျော်ပေါ့ပ်ဘုရင်မ တေလာဆွစ်ဖ်ဟာ သူ့ချစ်သူ ကစားသမားအကျာ်အမော် ထရာဗစ်ကယ်လ်စီနဲ့ ချစ်သူသက်တမ်း ၂ နှစ်အကြာမှာ စေ့စပ်လိုက်ပါပြီ။ သူတို့နှစ်ဦးစေ့စပ်လိုက်ပြီဆိုတာကို ဩဂုတ်လ ၂၆ ရက်နေ့က ထရာဗစ် ဒူးထောက်ပြီး လက်ထပ်ခွင့်တောင်းနေတဲ့ ဓာတ်ပုံတွေနဲ့အတူ “မင်းတို့ရဲ့အင်္ဂလိပ်ဆရာမနဲ့ မင်းတို့ရဲ့ Gym ဆရာတို့ လက်ထပ်တော့မှာပါ”ဆိုတဲ့စာသားနဲ့ အင်စတာဂရမ်ပို့စ်တင်ပြီး အတည်ပြုခဲ့တာပါ။

တေလာဆွစ်ဖ်ကို စေ့စပ်လိုက်တဲ့အတွက် ထရာဗစ်ရဲ့မိသားစုက အရမ်းပျော်ရွှင်နေတယ်လို့ သိရပါတယ်။ ထရာဗစ်ရဲ့မိဘတွေဖြစ်တဲ့ ဒွန်နာနဲ့ အက်ဒ်ကရော အစ်ကိုဖြစ်သူ ဂျဆန်နဲ့ မရီး ကိုင်လီတို့ကပါ တေလာဆွစ်ဖ်ကို နှစ်သက်ကြပါတယ်။

တေလာဆွစ်ဖ်ကလည်း ထရာဗစ်ကို ဘယ်လောက်ဂရုစိုက်လဲဆိုတာအပြင် ဂျဆန်ရဲ့ကလေးတွေအပါအဝင် အကုန်လုံးကို ဘယ်လောက်ဂရုစိုက်ကြောင့် မိသားစုတွေကို ပြသခဲ့တယ်။ သူ အလုပ်ရှုပ်နေပေမဲ့ ထရာဗစ်ရဲ့မိသားစုကို လက်ဆောင်တွေ၊ ကိတ်တွေပေးပြီးတော့ အထင်ကြီးစေခဲ့တယ်လို့ အတွင်းသတင်းတွေက ဆိုထားပါတယ်။

ထရာဗစ်ရဲ့မိဘတွေက သူ့သားရဲ့ဘဝထဲ တေလာဆွစ်ဖ်ရောက်ရှိလာလို့ အရမ်းပျော်ရွှင်နေတာပါ။ တေလာဆွစ်ဖ်က မိသားစုနဲ့လည်း ပေါင်းသင်းဆက်ဆံရေးကောင်းပြီး သူတို့ကလည်း တေလာရဲ့ပရိသတ်အကြီးစားတွေပါဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

Ref: Travis Kelce’s family ‘very happy’ about his engagement to Taylor Swift

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top