စကားပြောတာမြင်ရဖို့အတွက် နားမကြားတဲ့သူကိုယ်တိုင် ဖန်တီးခဲ့တဲ့ mask

1-6-2020-yyl-020.jpg

COVID-19 ကူးစက်ခံရမှုကနေ ကာကွယ်ဖို့အတွက် ကျွန်တော်တို့တွေက Mask တွေကို ဝတ်ဆင်ကြရပါတယ်။ အခုလိုအချိန်မျိုးမှာ လူတန်းစားမရွေးသုံးနိုင်ဖို့အတွက် mask တွေကို ဒီဇိုင်းအမျိုးမျိုး၊ ပုံစံအမျိုးမျိုးနဲ့ ချုပ်လုပ်နေကြပါတယ်။ တချို့လူတွေက နားမကြားတဲ့သူတွေအတွက် Mask ချုပ်ဖို့ မဖြစ်နိုင်ဘူးလို့ပြောကြပေမယ့် တချို့ကတော့ ဖြစ်အောင်ချုပ်နေကြပါတယ်။ မန်ချက်စတာက အသက် (၄၂) နှစ်အရွယ် Graphic Designer ဂျက်စတင် ဘိတ်က ကိုယ်တိုင်အတွက်ရော (၁၀) နှစ် သမီးလေးအတွက်ပါ အကူအညီဖြစ်စေမယ့် ပါးစပ်နားမှာ ပလတ်စတစ်အကြည်ထည့်ချုပ်ထားတဲ့ mask ကို ဖန်တီးခဲ့ပါတယ်။ သူတို့သမီးနှစ်ယောက်လုံးက နားမကြားတဲ့သူတွေပါ။ နားမကြားတဲ့သူတွေအတွက် Mask အကြောင်း လူတော်တော်များများသိသွားပြီးတဲ့နောက်မှာ လူအများရဲ့စိတ်ဝင်စားမှုကို လျင်လျင်မြန်မြန်ပဲ ရရှိလာခဲ့ပါတယ်။

Mask ဒီဇိုင်းနဲ့ ပုံစံကို လူမှုကွန်ယက်ပေါ်မှာ ဂျက်စတင် ပြသခဲ့ပြီးတဲ့နောက်မှာ အော်ဒါတွေ လက်ခံရရှိခဲ့ပါတော့တယ်။ ဂျက်စတင်က သူ့သမီးလေး အခြားသူတွေရဲ့နှုတ်ခမ်းလှုပ်တာကို မမြင်ရရင် ကျောင်းမှာသူ့သူငယ်ချင်းတွေနဲ့ အပေါင်းအသင်းလုပ်ရတာ ပြဿနာဖြစ်မှာဆိုးတဲ့အတွက် ဒီMask ကို ချုပ်ဖြစ်ခဲ့တာဖြစ်ပါတယ်။ အခုဆိုရင် သူ့မိသားစုရဲ့ဘဝအတွက်အကူအညီဖြစ်သွားစေတဲ့အပြင် အခြားသူတွေရဲ့ဘဝကိုလည်း ပိုကောင်းအောင်လုပ်ဆောင်ပေးနေပါတယ်။ သူ့ခင်ပွန်း ကာလ်ကလည်း နှုတ်ခမ်းမြင်ရတဲ့Maskကိုပဲ ဝတ်ဆင်ပါတယ်။ ဂျက်စတင်က မေလ ၂၇ ရက်နေ့တစ်ရက်တည်းမှာပဲ Mask (၄၂) ခု ရောင်းချခဲ့ရပါတယ်။ တစ်ခုကို ပေါင် (၅.၉၉) သာ ကျသင့်ပါတယ်။ Mask တွေကို မရပ်မနားကို ချုပ်လုပ်နေရပြီး Mask တွေကို မြန်မြန်ဆန်ဆန်နဲ့ လုံလုံလောက်လောက်လုပ်လို့မရခဲ့ဘူးလို့ ကူညီလုပ်ကိုင်ပေးနေတဲ့ ကာလ်ရဲ့ပြောစကားအရ သိရပါတယ်။

ဂျက်စတင်ရဲ့Mask တွေက နားမကြားတဲ့သူတွေအတွက် တင်အသုံးဝင်တာမဟုတ်ပါဘူး။ ဦးနှောက်ချို့ယွင်းတဲ့လူတွေနဲ့ Mask အပြည့်တပ်ရတာကြောက်တဲ့ အော်တစ်ဇင်ကလေးတွေအတွက်လည်း အော်ဒါလက်ခံရရှိခဲ့တာပါ။ “ပိုက်ဆံရှာဖို့လုပ်တာမဟုတ်ပါဘူး။ ကျွန်တော်တို့သမီးလေးရဲ့ဘဝ ပိုလွယ်ကူစေဖို့ လုပ်ခဲ့တာပါ။ PPE အရည်အသွေးလည်းမဟုတ်ဘူးလို့ လူတွေကို ရိုးရိုးသားသားရှင်းပြခဲ့တာပါ။ လူတော်တော်များများက လာပြီးတောင်းဆိုကြတော့ အတော်လေး ထူးခြားပါတယ်။ သူက ဒီအခြေအနေမှာ အခြားသူတွေရဲ့ဘဝကိုပိုကောင်းစေဖို့ ကူညီရတာကို ကြိုက်နေတာပါ” လို့ ကာလ်က ပြောပါတယ်။

ပလတ်စတစ်အကြည်ဖြစ်တဲ့အတွက် Mask မှာ filter ထည့်လို့မရဘူးလို့ သိရပါတယ်။ သူတို့မိသားစုက နောက်ဆုံးMask ဒီဇိုင်းမရခင်ထိ စတိုင်အမျိုးမျိုးနဲ့ စမ်းသပ်ခဲ့တာ (၄)ရက်အချိန်ယူခဲ့ရပါတယ်။ “ဒါက မလွယ်ကူပါဘူး။ ဒါကို လုပ်ဖို့ ကျွန်တော်နည်းလမ်းရှာခဲ့တယ်။ ဂျက်စတင်က နည်းလမ်းရသွားခဲ့တယ်။ သူ့နည်းက အကောင်းဆုံးနည်းဖြစ်ခဲ့ပါတယ်”လို့ ကာလ်က ဆိုပါတယ်။

Ref: Deaf Mom Creates Clear Masks For Lip Reading, Quickly Learns It’s Useful For People From Various Backgrounds

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top