Met Gala ပွဲကို ပထမဆုံးအကြိမ်အဖြစ် တက်ရောက်ဖြစ်ခဲ့တဲ့ ရှရွတ်ခန်း

king.jpg

ဘောလိဝုဒ်အကျော်အမော်မင်းသားကြီး ရှရွတ်ခန်းဟာ ၂၀၂၅ ခုနှစ်ရဲ့ Met Gala ပွဲကို ပထမဆုံးအကြိမ်အဖြစ် တက်ရောက်ဖြစ်ခဲ့ပါတယ်။

သူဟာ အနက်ရောင်ကုတ်အင်္ကျီကို စတိုင်ကျကျဝတ်ဆင်လာခဲ့ပြီး လက်နှစ်ဖက်စလုံးမှာ လက်စွပ်တွေ ဆင်မြန်းထားတဲ့အပြင် လည်ဆွဲပါ ဝတ်ဆင်လာခဲ့တာပါ။ ထူးခြားတာက ကျားခေါင်းထိပ်ဖူးပါတဲ့ တုတ်ကောက်ကို ကိုင်ဆောင်ပြီး ပွဲတက်လာခဲ့တာပါ။


ရှရွတ်ခန်းဟာ ဒီဇိုင်နာ ဆာဗျဆာချီနဲ့ သူ့ဒီဇိုင်နာအဖွဲ့ကိုလည်း Met Gala ပွဲအတွင်း သူ့ကို ဘုရင်တစ်ပါးလို ခံစားမိစေအောင် လုပ်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်စကားဆိုထားပါတယ်။ သူ ဝတ်ဆင်ခဲ့တဲ့ ဝတ်စုံက အရမ်းသက်တောင့်သက်သာရှိစေပြီး သူ့ကို ဘုရင်တစ်ပါးလို ခံစားမိအောင် လုပ်ခဲ့တယ်လို့ ဆိုထားပါတယ်။

Ref: After King-Sized Debut At Met Gala, Shah Rukh Khan Says, “It’s Not My Space But…”

WL ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top