အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ဟာ မုတ်သုံကာလဆိုရင် စိုထိုင်းဆများလွန်းတာကြောင့် အသက်ရှူ ခက်ခဲတဲ့ အခြေအနေမျိုး ကြုံရတတ်ပါတယ်။ အစိုးရ ကျောင်းတွေမှာ ကျောင်းသားတွေ သက်သောင့်သက်သာ ပညာသင်ကြားနိုင်စေဖို့ ရည်ရွယ်ပြီး ဆယ်ကျော်သက်အရွယ် ကျောင်းသားလေး ၆ ယောက်က တန်ဖိုးနည်း လေအေးစက်ကို တီထွင်ဖန်တီးခဲ့ကြပါတယ်။

နယူးဒေလီမြို့ သျှရီရာမအစိုးရကျောင်းမှ ၅ တန်းကျောင်းသားလေးတွေဟာ ရှေးရိုးစဉ်လာ အယူအဆကို မော်ဒန်ဒီဇိုင်းနဲ့ ပေါင်းစပ်ပြီး တီထွင်ခဲ့ကြတာပါ။ သူတို့က မြေခွက်တွေ၊ သစ်သားနဲ့ သံတိုသံစတွေကို အသုံးပြုပြီး ဒေသခံ လျှပ်စစ်ပညာရှင်တစ်ဦးရဲ့ အကူအညီကို ရယူကာ Project Vaayu ကို အမည်ပေးထားတဲ့ လေအေးစက်ကို တီထွင်ခဲ့ကြတာပါ။

လေထုထဲမှာ ပါတဲ့ ရေငွေ့တွေကို မြေခွက်တွေက ဖမ်းစုပ်ယူပြီး တဖြည်းဖြည်းချင်း အငွေ့ပျံစေတာကြောင့် လေထုကို ပိုမိုအေးမြစေပါတယ်။ သူတို့ရဲ့ ဖန်တီးမှုက အခန်းအပူချိန်ကို ၆ ဒီဂရီကနေ ၁၀ ဒီဂရီကြား ကျဆင်းစေပြီး ကျောင်းသားတွေကို ပိုမိုသက်သောင့်သက်သာ ပညာသင်ကြားခွင့် ရရှိစေခဲ့ပါတယ်။ ဒါကြောင့်လည်း Youth for Earth ပြိုင်ပွဲမှာ သူတို့ရဲ့ဖန်တီးမှုက ဒုတိယဆု ဆွတ်ခူးခဲ့ပြီး ဆုကြေးငွေရရှိခဲ့တာကြောင့် နောက်ထပ်အဆင့်မြှင့်တင်မှုတွေ လုပ်ဆောင်နိုင်တော့မှာ ဖြစ်ပါတယ်။
Ref: Six Delhi Students Build Eco-Coolers for Schools Using Discarded Kulhads & Scrap Wood
NZ ( ရိုးရာလေး)

