ဟင်းချက်ဆီကနေ ပြန်ထုတ်တဲ့ ဇီဝလောင်စာကို ဖင်လန်နိုင်ငံရဲ့ ဘတ်စ်ကားတွေမှာ စတင်အသုံးပြုနေ

oil.png

ဖင်လန်နိုင်ငံဟာ အများပြည်သူ ပို့ဆောင်ရေးစနစ်မှာ ဟင်းချက်ဆီကနေ ပြန်လည်ထုတ်လုပ်ထားတဲ့ ဇီဝလောင်စာကို စတင်အသုံးပြုပြီး ရေရှည်တည်တံ့ခိုင်မြဲရေးကဏ္ဍအတွက် ကြီးမားတဲ့ခြေလှမ်းတစ်ရပ်ကို စတင်လိုက်ပါပြီ။

စားသောက်ဆိုင်တွေမှာ အသုံးပြုပြီးသား ဆီတွေကို လိုက်လံသိမ်းဆည်းပြီး ဇီဝလောင်စာ ထုတ်လုပ်တာ ဖြစ်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် စွန့်ပစ်ပစ္စည်းနဲ့ ညစ်ညမ်းမှုကို လျှော့ချနိုင်စေရုံသာမက ကာဗွန်ထုတ်လွှတ်မှုကိုလည်း သိသိသာသာ လျှော့ချပေးနိုင်ပြီး ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို ၉၀ ရာခိုင်နှုန်းအထိ လျော့နည်းစေတာကြောင့် ကမ္ဘာကြီး ပူနွေးလာမှုကို တွန်းလှန်တိုက်ဖျက်ရာမှာ အရေးပါတဲ့ နည်းလမ်းတစ်ရပ် ဖြစ်လာနိုင်ပါတယ်။

Ref: In Finland, public buses running on fuel made from recycled cooking oil

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top