အဝတ်ဟောင်းတွေကို စွမ်းအင်စက်ရုံ လောင်စာအဖြစ် အသုံးပြုနိုင်မယ့်နည်းလမ်းကို ဂျပန်ပညာရှင်တွေ လုပ်ဆောင်နေ

clothes.webp

ဂျပန်နိုင်ငံမှ သိပ္ပံပညာရှင်တွေဟာ အဝတ်အစားအဟောင်းတွေကို စွမ်းအင်စက်ရုံရဲ့ လောင်စာအဖြစ် ပြောင်းလဲအသုံးပြုနိုင်မယ့် နည်းလမ်းသစ်တစ်မျိုးကို ကြံဆလုပ်ဆောင်နေကြပါတယ်။ အဝတ်အစားအဟောင်းတွေကို အမှိုက်ပုံမှာ စွန့်ပစ်မယ့်အစား အထူးဖန်တီးထားတဲ့ စက်တွေကို အသုံးပြုကာ RPF (Refuse Paper & Plastic Fuel) လို့ ခေါ်တဲ့ ပစ္စည်းအဖြစ် ပြောင်းလဲမှာ ဖြစ်ပါတယ်။

အဝတ်အစားဟောင်း၊ ပလတ်စတစ်ပစ္စည်းနဲ့ ပြန်လည်အသုံးပြုနိုင်ခြင်းမရှိတဲ့ တခြားစွန့်ပစ်ပစ္စည်းတွေကို ပုံစံခွက်ထဲ ဖိကြိတ်ပြီး ပုံဆောင်ခဲ အချပ်တွေအဖြစ် ပြောင်းလဲမှာပါ။ အဲဒီပုံဆောင်ခဲအချပ်တွေကို စက်မှုလုပ်ငန်းသုံး မီးဖိုကြီးတွေထဲ ထည့်သွင်းလောင်ကျွမ်းစေပြီး စွမ်းအင်အရင်းအမြစ်အဖြစ် အသုံးပြုမှာ ဖြစ်ပါတယ်။


ဒီနည်းလမ်းဟာ အဝတ်ဟောင်း စွန့်ပစ်မှုတွေကို လျှော့ချပေးနိုင်ရုံသာမက တွင်းထွက်လောင်စာအပေါ် မှီခိုအားထားနေတာကိုလည်း လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံရဲ့ ဖက်ရှင်လုပ်ငန်းကနေ နှစ်စဉ်နှစ်တိုင်း စွန့်ပစ်အဝတ်အထည်ဟောင်း အများအပြား  ထွက်ရှိတာကြောင့် ဒီနည်းလမ်းနဲ့ သင့်တော်မယ်လို့ ယူဆထားကြပါတယ်။

Ref: Japan has pioneered an innovative way to turn old, unwanted clothes into fuel for power plants

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top