Toyota MR Coupé ကားကို Ferrari F430 ကားပုံစံ ပြင်ဆင်မွမ်းမံခဲ့သူ ထောင်ဒဏ်ချမှတ်ခံရဖွယ် ရှိနေ

5-12-2022-yyl07.jpg

အီတလီနိုင်ငံသားတစ်ယောက်ဟာ သူ့ရဲ့ Toyota MR Coupé ကားကို တန်ဖိုးကြီး Ferrari F430 ကားပုံစံ ပြင်ဆင်မွမ်းမံခဲ့တာကြောင့် အတုလုပ်မှု၊ ကုန်ပစ္စည်းအမှတ်တံဆိပ် ချိုးဖောက်မှုတွေနဲ့ စွဲချက်တင်ခံထားရပြီး ထောင်ဒဏ်ချမှတ်ခံရဖွယ် ရှိနေပါတယ်။ ဖီနန်ဇာလို့ အမည်ရတဲ့ ၂၆ နှစ်အရွယ် အမျိုးသားဟာ အက်စ်တီမြို့မှာ ကားမောင်းနေတုန်း ယာဉ်ထိန်းရဲတွေရဲ့ စစ်ဆေးဖမ်းဆီးခြင်း ခံခဲ့ရတာပါ။

သူ စီးလာတဲ့ကားဟာ Ferrari F430 ကားနဲ့ အလွန်တူပြီး လိုဂိုတံဆိပ်တွေလည်း တပ်ဆင်ထားပေမဲ့ ယာဉ်စစ်ဆေးရေးအဖွဲ့က ခွဲခြားဖော်ထုတ်ခဲ့ရာမှာတော့ Toyota MR Coupé ကားကို မွမ်းမံပြင်ဆင်ထားကြောင်း တွေ့ရှိခဲ့ရတာပါ။ ကားအတွင်း၊ အပြင် မွမ်းမံပြင်ဆင်မှုတွေက သေသပ်လွန်းပြီး Ferrari F430 ကားရဲ့ အစိတ်အပိုင်းတချို့ပါ တပ်ဆင်ထားတဲ့အတွက် တော်တော်လေး ခွဲရခက်ခဲ့တယ်လို့ ယာဉ်စစ်ဆေးရေးအဖွဲ့က ဆိုပါတယ်။

အဲဒီနောက်မှာတော့ ဒီကားကို သိမ်းယူခဲ့ပြီး ကားပိုင်ရှင် ဖီနန်ဇာကိုလည်း ခွင့်ပြုချက်မရှိဘဲ မှတ်ပုံတင်ထားတဲ့ ကုန်ပစ္စည်းအမှတ်တံဆိပ်တွေ အတုလုပ်မှုနဲ့ အစိုးရရှေ့နေရုံးက စစ်ဆေးမေးမြန်းနေတယ်လို့ အီတလီမီဒီယာတွေက ဖော်ပြပါတယ်။

Ref:Guy Faces Jail Time for Building His Own Ferrari F430 Out of a Toyota

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top