ကမ္ဘာ့ဈေးအကြီးဆုံး ရွှေချောကလက်

most-expensive-chocolate-portugal-e1551580764920.jpg

ပေါ်တူဂီနိုင်ငံက ချောကလက်ဖန်တီးသူ တစ်ယောက်ဟာ သန့်စင်တဲ့ ရွှေ ၂၃ ကာရက် အသုံးပြုပြီး ကမ္ဘာ့ဈေအကြီးဆုံး ရွှေချောကလက် ဖန်တီးခဲ့ပါတယ်။ ပေါ်တူဂီနိုင်ငံ အိုဘီဒို့စ်မြို့မှာ ကျင်းပတဲ့ နိုင်ငံတကာ ချောကလက်ပြပွမှာ အဲဒီ ရွှေချောကလက်ကို ပြသခဲ့တာပါ။

ဂလိုရီယက်စ် (Glorious) လို့ ခေါ်တဲ့ ချောကလက်ကို ၂၃ ကာရက်ရှိပြီး စားသုံးနိုင်တဲ့ ရွှေသားနဲ့ ဖုံးအုပ်ထားတာဖြစ်ပါတယ်။ တန်ကြေးကတော့ ယူရို ၇၇၂၈ ရှိပါတယ်။ ချောကလက်အမည်း၊ အင်ဥကထုတ်တဲ့ အဖြူရောင်ဆီ၊ မာဒါဂက်စ်ကာကျွန်းက သစ်ခွနဲ့ လျှို့ဝှက်ပစ္စည်း တစ်ခုပါဝင်ပြီး ပေါ်တူဂီနိုင်ငံသား ဒန်နီယယ်ဂိုမက်စ်က တစ်နှစ်အချိန်ယူ ဖန်တီးခဲ့တာပါ။ ချောကလက်ကို အလုံးရေ ၁၀၀၀ ပဲ ထုတ်လုပ်မှာပါ။

Portuguese chocolatier Daniel Gomes prepares a candy wrapped in pure 23 carat gold during international chocolate fair in Obidos Portugal, March 16, 2018. REUTERS/Rafael Marchante

ချောကလက်တစ်ခုချင်းစီကို အထူးပြုလုပ်ထားတဲ့ သရဖူပုံစံဗူးခွံနဲ့ ထုပ်ပိုးထားပြီး ဗူးခွံမှာ Swarovski သလင်းကျောက် ၅၅၀၀၊ ပုလဲနဲ့ ရွှေသား အသုံးပြုပြီး ရေးထွင်းထားပါတယ်။ အဲဒီချောကလက်ကို ယူအေအီး၊ အန်ဂိုလာ၊ အာဂျင်တီးနားနဲ့ရုရှားနိုင်ငံတွေကို တင်ပို့ထားတယ်လို့ ဆိုပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top