A Year of Running ကို အောင်မြင်စွာ ပြီးဆုံးခဲ့တဲ့ မက်ဇူကာဘတ်

image_large.jpg.png

Facebook တည်ထောင်သူ မတ်ဇူကာဘတ်ဟာ ၂၀၁၅ ခုနှစ်ကို A Year of Book လို့ အမည်ပေးခဲ့ပြီး စာအုပ်ပေါင်းမြောက်များစွာကို ဖတ်ခဲ့ ပါတယ်။

၂၀၁၆ ခုနှစ်ကိုတော့ A Year of Running လို့ အမည်ပေးခဲ့ပြီး သူပြေးခဲ့တဲ့ မိုင်ဟာဆိုရင် ၃၆၅ မိုင် ရှိပါတယ်။

ယင်း မိုင်ပေါင်း ၃၆၅ ကျော်ဟာ တစ်နှစ်ပတ်လုံး ပြေးခဲ့တဲ့ မိုင် ဖြစ်ပါတယ်။ ဒါကြောင့် ပျမ်းမျှဆိုရင် တစ်ရက်ကို ၁ မိုင်နှုန်း ပြေးခြင်း ဖြစ်ပါတယ်။ သူ့အနေနဲ့ အချို့ရက်တွေဟာ တစ်မ်ိုင်ထက် နည်းတာမျိုးလည်း ရှိကြောင်း ရေးသား ဖော်ပြထားပါတယ်။ ၁၀ မိနစ်ထက် မပိုတဲ့ ပြေးရတဲ့ နေ့များလည်း ရှိကြောင်း ဆိုပါတယ်။ ဒါပေမယ့် တစ်နှစ်ပြန်ချုပ်လိုက်တဲ့အခါ တစ်ရက်ကို ၁ မိုင်နှုန်း ပျမ်းမျှပြန်ထွက် ပါတယ်။ အလုပ်ကိစ္စနဲ့ ခရီးသွားရလည်း ရောက်ရာနိုင်ငံမှာ ပြေးပါတယ်။ သူ့အနေနဲ့ ပြေးခြင်းဟာ ဦးနှောက်ကိုဆေးကြောခြင်း ဖြစ်ကြောင်း၊ ပိုလို့လည်း သန်မာလာစေကြောင်း ဆိုပါတယ်။

လာမယ့် ၂၀၁၇ ခုနှစ်ဟာ သူ့အတွက် Triathlon နှစ်ဖြစ်မယ်လို့ဆိုထားပါတယ်။ Triathlon ကို Ironman sport လို့လည်းခေါ်ပြီး ရေကူး ၊ စက်ဘီးမောင်း ၊ အပြေး အားကစားသုံးမျိုး ပေါင်းစပ် ပါဝင်တဲ့ အားကစား ဖြစ်ပါတယ်။ ယင်း အားကစားလုပ်ဖို့အတွက် သူဟာ စတင် လေ့ကျင့်တော့မှာ ဖြစ်ပြီး ၂၀၁၇ မှာ Ironman အားကစား ပြိုင်ပွဲ များကို ဝင်ရောက် ယှဉ်ပြိုင်သွားမှာ ဖြစ်ကြောင်း သူ့ရဲ့ စာမျက်နှာမှာ ရေးသား ဖော်ပြခဲ့ ပါတယ်။.
Ref: mashable; “Mark Zuckerberg had two personal challenges for 2016. What happened to running?”

ဇီးကွက် (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top