2025 MTV VMAs ဆုပေးပွဲမှာ Artist of the Year ဆုအပါအဝင် ဆု ၂ ဆုရရှိခဲ့တဲ့ လေဒီဂါဂါ

lady.jpg

လေဒီဂါဂါဟာ တနင်္ဂနွေနေ့ညက ကျင်းပပြုလုပ်ခဲ့တဲ့ 2025 MTV Video Music Awards မှာ ဆုကြီးတွေ ဆွတ်ခူးရရှိခဲ့ပါတယ်။ VMAs ဆု ၁၈ ဆု ရရှိထားပြီးသားဖြစ်တဲ့ လေဒီဂါဂါကတော့ နောက်ထပ် VMAs ဆု ၂ ဆု ရရှိခဲ့ပြန်ပါပြီ။ 

သူဟာ Artist of the Year ဆုနဲ့ Best Collaboration ဆုတိုကို ရရှိသွားခဲ့တာပါ။ Artist of the Year ဆုကို လက်ခံပြီးတော့ ကျေးဇူးတင်စကားပြောကြားရာမှာတော့ ဂရမ်မီ ၁၄ ကြိမ်ရရှိထားတဲ့သူက လှုဆော်၊ ချိတ်ဆက်ပေးတဲ့ အနုပညာစွမ်းအားအကြောင်းပြောခဲ့သလို သူ့ပရိသတ်တွေနဲ့ သူ့လက်တွဲဖော် မိုက်ကယ် ပိုလန်စကီးတိုကို ကျေးဇူးတင်ခဲ့ပါတယ်။ 

အနုပညာရှင်ဖြစ်ရတာက ပရိသတ်တွေကို ပြုံးအောင်၊ မြူးကြွအောင်၊ ငိုအောင် လုပ်ပေးဖို တာဝန်ရှိတယ်။ ဒါက အသိုက်အဝန်းကို ဂုဏ်ပြုတာနဲ့ နားလည်တာကို တည်ဆောက်ဖို နည်းလမ်းဖြစ်တယ်။ ဒီဆုက ပရိသတ်တွေကို ရည်စူးတယ်လို ဆိုပါတယ်။ သူ့ကို အမြဲအားပေးပံ့ပိုးပေးတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ကြောင်းနဲ့ သူ့ပါတနာနဲ့အတူ အခုနှစ်ဖန်တီးရတာက  လှပတဲ့အိပ်မက်ဖြစ်ခဲ့တယ်လို ပြောကြားသွားခဲ့တာပါ။ 

လေဒီဂါဂါက 2025 MTV VMAs အတွက် စုစုပေါင်း ဆန်ကာတင်စာရင်း ၁၂ ခု နဲ့ ဆန်ကာတင်စာရင်းဝင်တာအများဆုံးသူအဖြစ် ဦးဆောင်ခဲ့တာပါ။ 

Ref: Lady Gaga wins artist of the year, best collaboration at 2025 MTV VMAs

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top