ထိုင်ခုံခါးပတ် မပတ်မိခဲ့လို့ ရဲအတိုင်ခံခဲ့ရတဲ့ အင်္ဂလန် ဘုရင်မကြီး အဲလိဇဘတ်

state_opening2017_4a_h200j.jpg

အင်္ဂလန်နိုင်ငံဘုရင်မကြီး အဲလိဇဘတ်ဟာ ပြီးခဲ့တဲ့ဇွန်လ ၂၁ ရက် အင်္ဂလန်နိုင်ငံ ပါလီမန်လွှတ်တော်ဖွင့်ပွဲ မိန့်ခွန်းပြောရန် သွားရာလမ်းတွင် ခါးပတ်မပတ်ထားခဲ့တဲ့အတွက် အမည်မသိပြည်သူ တစ်ယောက်ကနေ ရဲဌာနကို သတင်းလှမ်းပို့ခဲ့ပါတယ်။ ဒီဖုန်းခေါ်ဆိုမှုကို အနောက်ယော့ရှီးလ်ယား ပြည်နယ်ရဲတပ်ဖွဲ့မှ လက်ခံရှိခဲ့တာ ဖြစ်ပါတယ်။ ဘုရင်မကြီးဟာ ချာလ်းစ်မင်းသား နဲ့ဘက်ကင်ဟမ်နန်းတော်မှ ဝက်မင်စ(စ်)တာပါလီမန်သို့ သွားနေစဉ်မှာ ခါးပတ် မဝတ်ခဲ့ဘူးလို့ အမည်မသိ ဖုန်းခေါ်ဆိုသူက တိုင်ကြားခဲ့တာဖြစ်ပါတယ်။

ဖုန်းခေါ်သူဟာ အင်္ဂလန်နိုင်ငံအရေးပေါ်နံပါတ်ဖြစ်တဲ့ ၉၉၉ ကို ဖုန်းဆက်ခေါ်ခဲ့တာဖြစ်ပြီး ရဲတပ်ဖွဲ့ရဲ့ Twitter မှာတော့ “ဘုရင်မကြီး လုံခြုံရေးခါးပတ် မဝတ်ထားကြောင်း တိုင်ကြားထားတဲ့ ဖုန်းခေါ်ဆိုမှု တစ်ခုကို လက်ခံရရှိခဲ့ပါတယ်” လို့ပြောခဲ့ပါတယ်။ အင်္ဂလန်နိုင်ငံ ဥပဒေအရ သာမန် အရပ်သားများကို ပြဌာန်းထားတဲ့ ဥပဒေများနဲ့ ဘုရင်မကြီးကို အရေးယူခွင့် မရှိပါဘူး။ ဘုရင်မကြီးရဲ့ ပြန်ကြားရေး အဖွဲ့ကတော့ ဒီဖြစ်စဉ်အပေါ် မည်သို့မှမှတ်ချက်ပေးခြင်း မရှိခဲ့ပါဘူး။

သို့ပေမယ့် တော်ဝင်မိသားစုရဲ့ Website ထဲမှာတော့ “ဘုရင်မကြီးဟာ သူမရဲ့ လုပ်ဆောင်မှုအားလုံးနဲ့ သူမရဲ့သက်ဆိုင်ရာ လုပ်ငန်းဆောင်တာအားလုံးကို ဥပဒေနဲ့အညီ လိုက်နာကျင့်သုံးနေထိုင်တယ်” လို့ ဖော်ပြထားပါတယ်။ လက်ရှိအချိန်ထိတော့ ဖုန်းခေါ်ဆိုကာ တိုင်ကြားခဲ့သူက ဘယ်လိုရည်ရွယ်ချက်နဲ့ တိုင်ကြားခဲ့တာလဲဆိုတာကိုတော့ မသိရသေးပါဘူး။

Ref: Independent News; The Queen reported to West Yorkshire Police for not wearing a seatbelt

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top