နေကြာပန်းပွင့်ထဲမှာ လှပတဲ့ သင်္ချာလျှို့ဝှက်ချက်တစ်ခု ရှိနေပါတယ်။ နေကြာပန်းပွင့်ထဲမှာ အစေ့တွေရဲ့ တည်နေရာအနေအထားက ရွှေအချိုး(Golden ratio)နဲ့ ကိုက်ညီနေပြီး ဖိုင်ဘိုနက်ချီအခွေသဏ္ဍာန်အတိုင်း ဖြစ်နေတာပါ။ အချိုးအစား ကျနစွာ စီစီရီရီ ညီညီညာညာ ရှိနေတာကြောင့် နေကြာပန်းပွင့် တစ်ပွင့်မှာ နေကြာစေ့ အများကြီး ဝင်ဆံ့တာ ဖြစ်ပါတယ်။
ဒီလို ရွေအချိုးနဲ့ကိုက်ညီနေမှုဟာ နေကြာပန်းပွင့်တစ်ခုတည်းမှာတင် ရှိတာ မဟုတ်ပါဘူး။ ထင်းရှူးသီး၊ နာနတ်သီး၊ ကမာကောင်တွေမှအစ နဂါးငွေ့တန်းအဆုံး အရာပေါင်းများစွာဟာလည်း ရွှေအချိုးနဲ့ ကိုက်ညီပါတယ်။
Ref: The sunflower hides a beautiful mathematical secret
NZ ( ရိုးရာလေး)

