ထိုင်းလယ်သမား ပုံဖော်ထားတဲ့ လယ်ကွင်းထဲက အနုပညာ

19.12.23-yyl-4.jpg

အခုပုံမှာ မြင်ရတာကတော့ ထိုင်းလယ်သမားတစ်ယောက်က စပါးခင်းထဲမှာ ပုံဖော်ထားတာပါ။ ကြောင်တစ်ကောင်က ငါးကို ပိုက်ပြီး အိပ်နေတဲ့ပုံဟာ ” ရေထဲမှာငါး၊ လယ်ကွင်းထဲမှာ စပါး”ဆိုတဲ့ ပေါများကြွယ်ဝခြင်းဆိုင်ရာ ထိုင်းဆိုရိုးစကားတစ်ခုကို ရည်ညွှန်းပုံဖော်တာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ခရိုင်ထဲက လယ်ကွင်းထဲမှာ ထိုင်းလယ်သမား တန်ယာပေါင်ဂျိုင်ခမ်း ဦးဆောင်တဲ့ လယ်သမားအဖွဲ့က GPS စနစ် အကူအညီရယူပြီး ပုံဖော်စိုက်ပျိုးခဲ့တာပါ။ ဝေဟင်ကနေ ကြည့်ရင် သူတို့ရဲ့ပုံဖော်ဖန်တီးမှုကို ရှင်းလင်းပြတ်သားစွာ မြင်တွေ့ရမှာဖြစ်ပါတယ်။

ကမ္ဘာလှည့် ခရီးသည်တွေနဲ့ ကြောင်ချစ်သူတွေကို ဆွဲဆောင်နိုင်ဖို့ ရည်ရွယ်တာဖြစ်ပြီး စိုက်ပျိုးရေးနဲ့ ခရီးသွားလုပ်ငန်းကို ယှဉ်တွဲတိုးတက်လာစေဖို့ မျှော်မှန်းလုပ်ဆောင်တာလို့ ဂျိုင်ခမ်းက ဆိုပါတယ်။
အိန္ဒိယနိုင်ငံပြီးရင် ကမ္ဘာ့ဒုတိယအများဆုံး ဆန်တင်ပို့တဲ့နိုင်ငံအဖြစ် ရပ်တည်နေတဲ့ ထိုင်းနိုင်ငံဟာ ၂၀၂၃ ခုနှစ်အတွင်း ဆန်ကုဗတန် ၈.၅ သန်းတင်ပို့နိုင်ဖို့ ရည်ရွယ်ထားပါတယ်။

Ref:Thai rice farmer makes art with plantings that depict cats

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top