မိဘတွေ ဖိအားပေးမှုကြောင့် ၁၄ နာရီဆက်တိုက် အိမ်စာ လုပ်ခဲ့ရတဲ့ ၁၁ နှစ်အရွယ် ကလေးငယ်တစ်ဦး ကျန်းမာရေးအခြေအနေ ဆိုးရွားလာလို့ ဆေးရုံရောက်ခဲ့ပါတယ်။ တရုတ်နိုင်ငံ ချန်ရှားမြို့မှာ နေထိုင်တဲ့ ကလေးငယ် လျှံလျှံကို သူ့မိဘတွေက မနက် ၈ နာရီကနေ ည ၁၀ နာရီအထိ မရပ်မနား အိမ်စာလုပ်ခိုင်းခဲ့တာပါ။
ည ၁၁ နာရီမှာတော့ ကလေးငယ်ဟာ ခြေလက်ထုံကျင်ခြင်း၊ မူးဝေခြင်း၊ အသက်ရှူမြန်ခြင်း စတဲ့ ဝေဒနာတွေ ခံစားခဲ့ရလို့ မိဘတွေက ဆေးရုံ တင်ပို့ခဲ့ကြတာပါ။ ဆရာဝန်တွေရဲ့ စစ်ဆေးချက်အရ ကလေးငယ်ဟာ စိုးရိမ်ထိတ်လန့်မှုကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ဝေဒနာ ခံစားခဲ့ရတာ ဖြစ်တယ်လို့ တွေ့ရှိခဲ့ပါတယ်။
အသက်ပြင်းပြင်းရှူခြင်း၊ အသက်မြန်မြန်ရှူခြင်းကြောင့် အခုလို အခြေအနေမျိုး ကြုံရလေ့ရှိပြီး အချိန်မီ ကုသမှုမလုပ်ရင် အသက်အန္တရာယ် ထိခိုက်နိုင်တဲ့ ဝေဒနာမျိုးဖြစ်တယ်လို့ ဆရာဝန်တွေက ဆိုပါတယ်။ ဒီဖြစ်ရပ်ဟာ တရုတ်နိုင်ငံမှ မိဘတွေရဲ့ ပညာရေးအပေါ် အလွန်အမင်းရှေ့တန်းတင်တဲ့ အခြေအနေကို ထင်ဟပ်ပြသနေပါတယ်။
Ref: 11-Year-Old Child Hospitalized After Doing Homework for 14 Hours Straight
NZ ( ရိုးရာလေး)

