ဟိုတယ် ၅ လွှာကနေ ပြုတ်ကျပေမဲ့ စင်ကာပူအမျိုးသား အသက်ဘေးမှ လွတ်မြောက်

31.8.23-yyl-16.jpg

စင်ကာပူနိုင်ငံသားတစ်ယောက်ဟာ ထိုင်းနိုင်ငံမှာ ဟိုတယ်ရဲ့ ၅ လွှာ အမြင့်ကနေ ပြုတ်ကျခဲ့ပေမဲ့ ပွန်းပဲ့ဒဏ်ရာလောက်ပဲ ရခဲ့ပြီး အသက်ဘေးက လွတ်မြောက်ခဲ့ပါတယ်။ ဘရိုင်ယန်လို့ အမည်ရတဲ့ အသက် ၃၇ နှစ်အရွယ် အမျိုးသားဟာ သြဂုတ်လ ၂၆ ရက်က ခရာဘိခရိုင်မှာရှိတဲ့ Krabi Seabass ဟိုတယ်မှာ မိတ်ဆွေတစ်ဦးနဲ့အတူ လာရောက်တည်းခိုခဲ့တာဖြစ်ပြီး တစ်နာရီအကြာမှာပဲ ဟိုတယ်ပေါ်ကနေ ပြုတ်ကျခဲ့တာပါ။

ဘရိုင်ယန်ဟာ ဟိုတယ် ၅ လွှာကနေ ပြုတ်ကျချိန်မှာ ပလတ်စတစ်ခေါင်မိုးပေါ်ကို တစ်ဆင့်ကျပြီးမှ အောက်ဘက်ကို ပြုတ်ကျခဲ့တာဖြစ်လို့ အသက်ဘေးက လွတ်မြောက်ခဲ့တာပါ။ ရဲတပ်ဖွဲ့ကတော့ ပြုတ်ကျရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲပါ။ ဘရိုင်ယန်ဟာ စိတ်ကျန်းမာရေးပြဿနာရှိပြီး ခရာဘိဆေးရုံမှာ ကုသမှု ခံယူခဲ့ရဖူးတယ်လို့ သူ့ရဲ့မိတ်ဆွေဖြစ်သူ ဟိုဆီပင်က ထွက်ဆိုခဲ့ပါတယ်။

Ref: Singapore man falls 5 storeys from Krabi hotel, survives with just bruises and scratches

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top