ရုပ်အလောင်းကို နှစ် ၃၀ ကြာ ဝှက်ထားပြီး ပင်စင်လစာ ထုတ်ယူခဲ့တဲ့ မိသားစု

9-1-2023-yyl-61.jpg

ဂျပန်နိုင်ငံ တိုကျိုမြို့ အာဏာပိုင်တွေဟာ သူတို့မြို့ရဲ့ အသက်အကြီးဆုံးအမျိုးသားကို ဂုဏ်ပြုဖို့ သူ့ရဲ့ ၁၁၁ နှစ်ပြည့် မွေးနေ့မှာ သူ့အိမ်ကို သွားခဲ့ကြပြီး သူ့မိသားစုရဲ့ အကြောက်အကန် ငြင်းဆန်မှုကို သံသယဖြစ်လို့ ရဲခေါ်ပြီး စုံစမ်းစစ်ဆေးတဲ့အခါ ဆိုဂန်ကာတိုရဲ့ ခုတင်ပေါ်မှာ ကြပ်စည်းထားတဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့ပါတယ်။ ဆိုဂန်ကာတိုဟာ လွန်ခဲ့တဲ့ နှစ် ၃၀ လောက်ကတည်းက သေဆုံးခဲ့တာဖြစ်မယ်လို့ အာဏာပိုင်တွေက ယူဆပါတယ်။

ဒါပေမဲ့ သူ့မိသားစုဟာ ဆိုဂန်ကာတိုရဲ့ ဘဏ်အကောင့်ထဲကနေ ပင်စင်ငွေတွေကို ထုတ်ယူနေခဲ့တာပါ။ ဆိုဂန်ကာတိုရဲ့ဇနီး ဆုံးပါးသွားပြီးနောက်ပိုင်း သူ့မိသားစုက ပင်စင်ငွေ ယန်း ၉.၅ သန်း (အမေရိကန်ဒေါ်လာ ၁၀၉၀၀၀) အထိ ထုတ်ယူခဲ့တယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။ ဒီဖြစ်ရပ်ကတော့ ၂၀၁၀ ပြည့်နှစ်မှာ ဖြစ်ပွားခဲ့တာပါ။

Ref: Sogen Kato’s mummified skeletal remains lying in his bed.

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top