ဘာလင်မာရသွန်ပြိုင်ပွဲဝင်ပြိုင်ခဲ့တဲ့ အဆိုတော်ဟယ်ရီစတိုင်

harry.jpg

One Direction အဖွဲဝင်ဟောင်း အဆိုတော်ဟယ်ရီစတိုင်ကတော့ အားကစားလိုက်စားနေပုံရပါတယ်။ စက်တင်ဘာ ၂၁ ရက်နေ့က ဟယ်ရီဟာ ဘာလင်မာရသွန်ပြိုင်ပွဲမှာ ပါဝင်ခဲ့ပြီး ၃ နာရီအတွင်း ၂၆.၂ မိုင်အပြေးပြိုင်ပွဲကို ပြီးမြောက်ခဲ့ပါတယ်။ 

ဟယ်ရီက ပြိုင်ပွဲမှာ Sted Sarandos အမည်နဲ့ စာရင်းသွင်းခဲ့တာပါ။ ပြိုင်ပွဲဝင်သူ အပြေးသမား ၈၀၀၀၀ ရှိခဲ့ပါတယ်။ မာရသွန်ပြိုင်ပွဲအတွင်း ဟယ်ရီက အပြာရောင်အားကစားအင်္ကျီနဲ့ အနက်ရောင်ဘောင်းဘီတို၊ ပန်းရောင် Sneaker တိုကို ဝတ်ဆင်ခဲ့ပါတယ်။ 

မသန်စွမ်းအိုလံပစ်အားကစားပြိုင်ပွဲရွှေတံဆိပ်ဆုရှင် ရစ်ချက် ဝိုက်ဟတ်ဒ်ကတောင် ပြိုင်ပွဲမှာ ဟယ်ရီနဲ့ဆုံခဲ့တယ်ဆိုတာကို အတူရိုက်ထားတဲ့ပုံနဲ့ မျှဝေပေးခဲ့ပါတယ်။ ဟယ်ရီကဆိုရင် ဒီမာရသွန်ပြိုင်ပွဲက သူ့အတွက် ပထမဆုံးအကြိမ်မဟုတ်ပါဘူး။ မတ်လတုန်းကလည်း ဟယ်ရီဟာ တိုကျိုမြိုရဲ့ နှစ်စဉ်၂၆.၂ မိုင်အပြေးပြိုင်ပွဲမှာ အပြေးသမား ၂၀၀၀၀ ကျော်နဲ့အတူ ၃ နာရီခွဲအတွင်း ပြီးမြောက်အောင်မြင်ခဲ့ပါတယ်။ 

Ref: Harry Styles runs Berlin Marathon, finishes in under 3 hours

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top