ကမ္ဘာတစ်ဝှမ်းမှာ ကိုဗစ်ရောဂါကြောင့် သေဆုံးသူဦးရေ (၁) သန်းကျော်ရှိသွားပြီ

28-9-2020-yyl-034.jpg

တရုတ်နိုင်ငံဝူဟန်မြို့မှာ စတင်ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဟာ အခုထိမပြီးဆုံးသေးဘဲ ဆက်လက်ဖြစ်ပွားနေခဲ့ရာ အခုဆိုရင် ကမ္ဘာတစ်ဝှမ်းမှာ သေဆုံးသူဦးရေ (၁) သန်းကျော်သွားခဲ့ပါပြီ။

ကမ္ဘာတစ်ဝှမ်းမှာ လူသန်းပေါင်း (၃၃.၅) သန်းကျော်ဟာ အသက်ရှုလမ်းကြောင်းဆိုင်ရာဗိုင်းရပ်စ်သစ်ကြောင့်ဖြစ်တဲ့ COVID-19 ရောဂါ ကူးစက်ခံခဲ့ရပါတယ်။ ဓာတ်ခွဲစစ်ဆေးမှုကနေတဆင့် ရောဂါအတွက် စံနှုန်းသတ်မှတ်ချက်တွေကတော့ တစ်နိုင်ငံကနေ တစ်နိုင်ငံ ပြောင်းလဲပါတယ်။ ရောဂါစစ်ဆေးမှု ပြတ်လပ်တာတွေ၊ ထုတ်ပြန်မကြေညာဖြစ်ခဲ့တဲ့ကူးစက်ခံရသူနဲ့ သံသယရှိသူဦးရေတွေရှိနိုင်တာကြာင့် ထုတ်ပြန်ထားတဲ့လူဦးရေထက် ပိုများလာဖို့ မျှော်လင့်ရပါတယ်။

ပထမဆုံးကိုဗစ်ရောဂါပိုးကူးစက်ခံရသူကို ဒီဇင်ဘာလက တရုတ်နိုင်ငံမှာ တွေ့ရှိပြီးကတည်းက ဗိုင်းရပ်စ်က တစ်ကမ္ဘာလုံးအထိ လျင်လျင်မြန်မြန်ဘဲ ကူးစက်ပျံ့နှံ့သွားခဲ့ပါတယ်။ လက်ရှိ တစ်ကမ္ဘာလုံးမှာ ကူးစက်ခံရမှုအများဆုံးနိုင်ငံက အမေရိကန်နိုင်ငံဖြစ်ပြီး ရောဂါကူးစက်ခံရသူဦးရေ (၇.၂) သန်းကျော်ရှိနေပြီး သေဆုံးသူဦးရေ (၂၀၉,၈၀၈) ဦးရှိနေပါတယ်။ အမေရိကန်နိုင်ငံရဲ့ပြည်နယ်တွေထဲမှာ ကယ်လီဖိုးနီးယားပြည်နယ်ကတော့ ကိုဗစ်ကူးစက်ခံရသူအများဆုံးဖြစ်နေပါတယ်။

အာဆီယံနိုင်ငံတွေမှာဆိုရင် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မြန်မာနိုင်ငံတွေက သေဆုံးမှုအများဆုံးနိုင်ငံတွေအဖြစ် ထိပ်ဆုံးမှာရှိနေပါတယ်။ ကမ္ဘောဒီးယား၊ လာအို၊ အရှေ့တီမောနိုင်ငံတွေကတော့ သေဆုံးသူဦးရေမရှိတဲ့နိုင်ငံတွေပါပဲ။ မြန်မာနိုင်ငံမှာ မနေ့ညကထိဆိုရင် ကူးဗစ်ကူးစက်ခံရသူစုစုပေါင်း (၁၁၆၃၁) ဦးနဲ့ သေဆုံးသူဦးရေ (၂၅၆) ဦးရှိနေပြီဖြစ်ပါတယ်။ အာရှနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံက ကိုဗစ်ကူးစက်ခံရမှုအခြေအနေအရ နံပါတ် (၁၆) နေရာမှာရှိပါတယ်။

Ref: ABCNews “Coronavirus live updates: Global death toll surpasses 1 million”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top