အလေးချိန် ပေါင် ၆၀၀ ရှိတဲ့ ဂြိုဟ်တုတစ်လုံး ကမ္ဘာမြေပေါ်ကို မနက်ဖြန် ပျက်ကျလာမယ်လို့ နာဆာ ထုတ်ပြန်

19.4.2023-yyl-iamge-19-1.jpg

အမေရိကန် အာကာသအေဂျင်စီ နာဆာရဲ့ အသုံးမပြုတော့တဲ့ ဂြိုဟ်တုတစ်လုံးဟာ ဧပြီလ ၂၀ ရက် မြန်မာစံတော်ချိန် နံနက် ၉ နာရီဝန်းကျင်အချိန်မှာ ကမ္ဘာ့လေထုထဲ ပျက်ကျလာလိမ့်မယ်လို့ နာဆာက ကြေညာထားပါတယ်။ အလေးချိန် ပေါင် ၆၀၀ ရှိတဲ့ အဲဒီဂြိုဟ်တုရဲ့ အစိတ်အပိုင်းအများစုဟာ ကောင်းကင်မှာ လောင်ကျွမ်းပျက်စီးသွားမှာဖြစ်ပေမဲ့ အစိတ်အပိုင်းတချို့ကတော့ မြေပေါ် ပြုတ်ကျလာနိုင်ပြီး လူတွေကို ထိခိုက်မိနိုင်ခြေ ၂၅၀၀ ပုံ၊ ၁ ပုံ ရှိတယ်လို့ ဆိုပါတယ်။

Reuven Ramaty High Energy Solar Spectroscopic Imager (RHESSI) လို့ အမည်ရတဲ့ ဂြိုဟ်တုကို နေမုန်တိုင်းတွေ လေ့လာစောင့်ကြည့် မှတ်တမ်းတင်နိုင်ဖို့ လွှတ်တင်ခဲ့တာပါ။ RHESSI ဟာ ပုံရိပ်ဖမ်းယူနိုင်တဲ့ ရောင်စဉ်လှိုင်းကိရိယာကို အသုံးပြုပြီး X-ray နဲ့သက်ဆိုင်တဲ့ဖြစ်ရပ် ၁၀၀၀၀၀ ကို မှတ်တမ်းတင် ရိုက်ကူးနိုင်ခဲ့ပါတယ်။ ဒါဟာ နေမုန်တိုင်းတွေရဲ့ gamma-rayနဲ့ စွမ်းအားပြင်း X-ray ဓာတ်ပုံတွေကို ပထမဆုံး ရိုက်ကူးနိုင်မှုလည်း ဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ ဆက်သွယ်မှုဆိုင်ရာ အခက်အခဲ ကြုံခဲ့ပြီးနောက် ၂၀၁၈ ခုနှစ်မှာတော့ နာဆာက RHESSI ဂြိုဟ်တုကို အသုံးမပြုတော့တဲ့စာရင်း ထည့်သွင်းခဲ့တာပါ။ RHESSI ဂြိုဟ်တုရဲ့ အကြွင်းအကျန် အစိတ်အပိုင်းတွေက ဘယ်နေရာကို ပျက်ကျလာဖွယ်ရှိသလဲဆိုတဲ့ အချက်ကိုတော့ နာဆာက ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

Ref: 600-pound satellite plummets toward Earth with chance of hitting humans

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top