Manulife Myanmar က ၂၀၂၅ ခုနှစ်အတွက် Great Place To Work® Certified™ အဖွဲ့အစည်း၏ “အလုပ်လုပ်ကိုင်ရန် အကောင်းဆုံးလုပ်ငန်းခွင်” ဟူသော တရားဝင်အသိအမှတ်ပြုမှုကို ရရှိခဲ့ပြီ ဖြစ်ကြောင်း ဂုဏ်ယူစွာဖြင့် သတင်းထုတ်ပြန်ကြေညာလိုက်သည်။ ယခုကဲ့သို့ အသိအမှတ်ပြုခြင်းကို ရရှိခြင်းမှာ Manulife ၏ ယုံကြည် စိတ်ချရခြင်း၊ လုပ်ငန်းခွင်အတွင်းခွဲခြားမှုကင်းဝေးပြီး အတူပူးပေါင်းဆောင်ရွက်ခြင်းအပြင် ရပ်တည်ချက်များကို တည်ဆောက် နိုင်ရန် ကောင်းမွန်သောရည်ရွယ်ချက်ဖြင့် ရှေးရှုလုပ်ဆောင်နေသော လုပ်ငန်းခွင်ယဥ်ကျေးမှုဟုသည့် ကတိကဝတ်များအတွက် သက်သေပြယုဂ်တစ်ခုလည်း ဖြစ်သည်။ အဆိုပါ အသိအမှတ်ပြုလက်မှတ်မှာ Great Place To Work’s
Trust Index™ Survey မှ Manulife Myanmar ရှိ ဝန်ထမ်းများ၏ အတွေ့အကြုံများအပေါ် အခြေခံကာ အကဲဖြတ်တိုင်းတာခဲ့ခြင်းလည်း ဖြစ်သည်။
Great Place To Work® ဆိုသည်မှာ ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး လုပ်ငန်းခွင်ယဥ်ကျေးမှုများ၊ ဝန်ထမ်း အတွေ့အကြုံများနှင့် စီးပွားရေးနှင့်စပ်ဆက်သော ရလဒ်ကောင်းများရရှိစေရန်အတွက် အကဲဖြတ်တိုင်းတာမှုများ ပြုလုပ်ပေး လျက်ရှိသော ယုံကြည်အားထားရသည့် အဖွဲ့အစည်းတစ်ခုလည်းဖြစ်သည်။၎င်းတို့၏ အကဲဖြတ်တိုင်းတာခြင်းနှင့် အသိအမှတ် ပြု လက်မှတ်ထုတ်ပေးသည့်လုပ်ငန်းစဥ်များသည် လုပ်ငန်းခွင်များရှိ ဝန်ထမ်းများ၏ အသံများကိုထင်ဟပ်စေနိုင်ရုံသာမက လူသားအရင်းအမြစ် အပေါ် ဦးစားပေးတန်ဖိုးထားသောအဖွဲ့အစည်းများကိုသာ မီးမောင်းထိုး ရွေးချယ်ဖော်ပြခြင်းလည်း ဖြစ်သည်။

“အခုလို အလုပ်လုပ်ဖို့ အကောင်းဆုံးလုပ်ငန်းခွင်ဆိုတဲ့ အသိအမှတ်ပြုမှုဆုကို ရရှိတယ်ဆိုတာ ကျွန်တော်တို့အနေနဲ့ Manulife ဆိုတဲ့ ရပ်ဝန်းလေးမှာ ဝန်ထမ်းတွေနဲ့ လူသားရင်းမြစ်တွေအပေါ်မှာ တန်ဖိုးထားမှုတွေ၊ပူးပေါင်းလုပ်ဆောင်နိုင်စွမ်းအားနဲ့ စိတ်အားထက်သန်မှုအပြည့်နဲ့ ကြိုးပမ်းအားထုတ်နေကြတယ်ဆိုတဲ့အပေါ်ရောင်ပြန်ဟပ်တဲ့ မှတ်တိုင်တစ်ခုပါပဲ။” ဟု Manulife Myanmar ၏ CEO နှင့်General Manager ဖြစ်သူ Gaurav Sharma က ပြောကြားခဲ့သည်။“ဒီအသိအမှတ်ပြုမှုက အောင်မြင်မှုတွေဆီကို ကတိကဝတ်တွေထားရှိပြီးမဆုတ်မနစ်ကြိုးစားပုံဖော်နေကြတဲ့ ကျွန်တော့်တို့ Manulife Myanmarအဖွဲ့ကြီးတစ်ခုလုံးနဲ့သက်ဆိုင်တာဖြစ်ပါတယ်။ အခုရရှိတဲ့ အသိအမှတ်ပြုမှုကို အားလုံးနဲ့အတူ
ဂုဏ်ပြုရင်း ဝန်ထမ်းတိုင်း ပျော်ရွှင်အောင်မြင်ဖို့ ပျိုးထောင်ပေးနိုင်တဲ့လုပ်ငန်းခွင်တစ်ခုအဖြစ် ဆက်လက်ရပ်တည်သွားနိုင်ဖို့
အာရုံစိုက်လုပ်ကိုင်သွားမှာ ဖြစ်ပါတယ်။” ဟု Gaurav က ဆက်လက်ပြောကြားသည်။

“Great Place To Work Certification ဆိုတာ ဝန်ထမ်းတွေရဲ့အတွေ့အကြုံတွေအပေါ် တသမတ်တည်း တိုင်းတာပြီး ရည်ရွယ်ချက်တွေ ထိရောက်စေဖို့စဥ်ဆက်မပြတ် ဦးတည်အာရုံစိုက်လုပ်ဆောင်ခြင်းကမှ ရရှိလာတဲ့ မြင့်မားတဲ့ကမ္ဘာလုံးဆိုင်ရာ အသိအမှတ်ပြုမှုတစ်ခု ဖြစ်ပါတယ်။” ဟု Great Place To Work ရှိ Global Recognition ၏ ဒုတိယဥက္ကဌဖြစ်သူ Sarah Lewis-Kulin ကပြောသည်။ “အခုလို အသိအမှတ်ပြုတာကို အောင်မြင်စွာ ရရှိခဲ့ခြင်းက Manulife Myanmar ဟာ အလုပ်လုပ်ကိုင်ဖို့အတွက် ထိပ်တန်းကုမ္ပဏီ တစ်ခုအဖြစ် မြန်မာနိုင်ငံမှာ ရပ်တည်နေတယ်ဆိုတာကို ပြသနိုင်တာဖြစ်သလို
သူ့ရဲ့ ဝန်ထမ်းတွေအတွက်လည်း ကောင်းမွန်တဲ့ လုပ်ငန်းခွင်၊ပတ်ဝန်းကျင်တစ်ခုကို ပေးစွမ်းဖို့ အစွမ်းကုန် ပံ့ပိုးလုပ်ဆောင်ပေးနေတယ်ဆိုတာ ထင်ရှားပါတယ်။” ဟု ဆက်ပြောသည်။
Manulife Myanmar အနေဖြင့် မြန်မာ့လူမှုအသိုက်အဝန်းတွင်ထိပ်တန်းကုမ္ပဏီတစ်ခုအဖြစ်သာမက ယုံကြည်စိတ်ချရသော မိတ်ဖက်တစ်ဦးအဖြစ်ရှိစေရန် ဆန်းသစ်တီတွင်မှုနှင့် ပူးပေါင်းလုပ်ဆောင်မှုများအပေါ်မြှင့်တင်ခြင်းအားဖြင့် မိမိတို့၏ လုပ်ငန်းခွင် ရပ်တည်မှုအဆင့်အတန်းကိုထိန်းသိမ်းနိုင်ရန်ရည်ရွယ်သည်။ Manulife ၏ လုပ်ငန်းခွင်စံသတ်မှတ်ချက်များနှင့်တန်ဖိုးများ အတိုင်း Customer များကို ဦးစားပေးလုပ်ဆောင်လျက်ရှိပြီး ၎င်းတို့၏ လိုအပ်ချက်များနှင့် ပြင်းပြသောဆန္ဒများ အပေါ် ဦးတည်ပြီး ကျွန်ုပ်တို့အနေဖြင့် လုပ်ကိုင်ဆောင်ရွက်လျှက် ရှိသည်။ ဒါ့အပြင် ခွဲခြားဆက်ဆံခြင်းကင်းပြီး
အတူတကွ ပူးပေါင်းလုပ်ဆောင်တတ်သော Manulife ၏ လုပ်ငန်းခွင်ယဥ်ကျေးမှုကြောင့် ဝန်ထမ်းများအနေဖြင့် အင်ပြည့်အားပြည့်ထည့်ဝင်ကာ အလုပ်လုပ်နိုင်စွမ်းကို ဖြစ်ပေါ်စေပြီး ထိုသို့သော ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်မြင့်တင်ခြင်းဖြင့် Customer များနှင့် လူမှုအသိုက်အဝန်းအတွက် အရေးပါသော သက်ရောက်မှုများကို ဖန်တီးနိုင်စေမည်ဟုလည်း ယုံကြည်သည်။
Manulife Myanmar ၏ အလုပ်အကိုင်အခွင့်အလမ်းများနှင့်ပတ်သက်၍ ပိုမိုသိရှိလိုပါက
Corporate Careers | Manulife Myanmar သို့ အသေးစိတ်ဝင်ရောက်လေ့လာနိုင်ပါသည်။
NZ (ရိုးရာလေး)

