Onepay အသုံးပြုသူ customer များ ပိုမိုလွယ်ကူအဆင်ပြေစွာ ငွေသွင်း/ငွေထုတ်ပြုလုပ်နိုင်ရန် TrueMoney နှင့် ပူးပေါင်းကာ ကွန်ရက်ချဲ့ထွင်ခြင်း

true-many1.jpg

ရန်ကုန်၊ မြန်မာ – ၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက် – နေ့စဉ်လူနေမှုဘဝနှင့် ငွေကြေးဆိုင်ရာတို့ကို ပေါင်းစပ်ထား သော မြန်မာနိုင်ငံ၏ပထမဆုံးမိုဘိုင်းလ်အက်ပ် Onepay သည် ၎င်းတို့၏ အသုံးပြုသူ customer များ ပိုမိုလွယ်ကူ အဆင်ပြေစွာ ငွေသွင်း/ငွေထုတ်ပြုလုပ်နိုင်ရန် ရည်ရွယ်ပြီး TrueMoney မြန်မာနှင့် လက်တွဲပူးပေါင်းကာ နိုင်ငံတဝှမ်းလုံးတွင် ငွေသွင်း/ငွေထုတ် ပြုလုပ်နိုင်သည့် နေရာများ တိုးမြှင့်ခဲ့ပါသည်။

Onepay နှင့် TrueMoney တို့ပူးပေါင်းမှုကြောင့် ကျေးလက်နှင့်မြို့ပေါ်ရှိသုံးစွဲသူများအားလုံး နီးစပ်ရာ TrueMoney ကိုယ်စားလှယ်ဆိုင်များတွင် လွယ်ကူလျင်မြန်စွာဖြင့် တစ်နေ့လျှင် အများဆုံး ကျပ် ၅၀၀,၀၀၀ အထိ ငွေသွင်း/ ငွေထုတ် ပြုလုပ်နိုင်မည်ဖြစ်သည်။ ပထမအဆင့်ဝန်ဆောင်မှုတွင် Onepay အသုံးပြုသူများအနေဖြင့် ငွေသွင်းခြင်းကို ပြုလုပ်နိုင်ပြီး မကြာခင်မြှင့်တင်ပေးမည့် ဒုတိယအဆင့်ဝန်ဆောင်မှုတွင် ငွေထုတ်ခြင်းကိုပါ ပြုလုပ်နိုင်မည် ဖြစ်သည်။

လက်ရှိတွင် ငွေဖြည့်ခြင်းနှင့် ငွေထုတ်ယူခြင်းကို AGD ဘဏ်ငွေစာရင်းကို အသုံးပြု၍သော်လည်းကောင်း၊ e-commerce မှတ်ပုံတင်ထားသော မည်သည့်ဘဏ်၏ MPU ကတ်မဆိုကို အသုံးပြု၍သော်လည်းကောင်း၊ Visa သို့မဟုတ် MasterCard များကို အသုံးပြု၍သော်လည်းကောင်း၊ 123 ဝန်ဆောင်မှုရသည့်ဆိုင်များနှင့် Onepay ၏ တရားဝင်ကိုယ်စားလှယ်ဆိုင်များတွင်သော်လည်းကောင်း၊ ဘဏ်အချင်းချင်းကြားငွေလွှဲသည့် ဝန်ဆောင်မှု (Interbank Service) ကို အသုံးပြု၍သော်လည်းကောင်း ပြုလုပ်နိုင်ပါသည်။ ဤကဲ့သို့ ပူးပေါင်းလိုက်သည့်အတွက် နိုင်ငံအနှံ့တွင် ငွေသွင်း/ငွေထုတ်ပြုလုပ်နိုင်မည့် နေရာပေါင်း ၂၃,၀၀၀ ပိုမိုများပြားလာမည်ဖြစ်ကာ အထူးသဖြင့် ကျေးလက်နေ သုံးစွဲသူများအတွက် ပိုမိုအကျိုးဖြစ်ထွန်းစေမည်ဖြစ်သည်။

“Onepay အနေနဲ့ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူအားလုံးအသုံးပြုနိုင်မယ့် ငွေကြေးဆိုင်ရာဝန်ဆောင်မှုမျိုး ပေးနိုင်ဖို့ ရည်ရွယ်ကြိုးစားနေပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ ဘဏ်တွေနဲ့ ဆက်စပ်မှီခိုနေတဲ့ ဘဏ်ဝန်ဆောင်မှုမျိုးကို အသုံးမပြုတဲ့ သုံးစွဲသူတွေအတွက်လည်း ဘာလုပ်ပေးနိုင်မလဲဆိုတာကို အမြဲပဲ နည်းလမ်းရှာဖွေနေခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ လေ့လာတွေ့ရှိချက်အရ ကျေးလက်ကသုံးစွဲသူတွေဟာ ဘဏ်ကိုသွားမယ့်အစား ကိုယ်စားလှယ် တွေကနေတဆင့် ငွေသွင်း/ငွေထုတ်လုပ်ဖို့ကို ပိုမိုအားသန်ကြတာကို တွေ့ရှိရပါတယ်။ ဒီသုံးစွဲသူတွေအတွက် ပိုသင့်တော်ကောင်းမွန်တဲ့ ဝန်ဆောင်မှုမျိုးပေးနိုင်ဖို့အတွက် သူတို့ရဲ့လိုအပ်ချက်နဲ့ကိုက်ညီတဲ့ ငွေသွင်း/ငွေထုတ် နည်းလမ်းတွေ ထပ်မံထည့်သွင်းနိုင်ဖို့ အခုလိုမျိုး TrueMoney နဲ့ လက်တွဲခဲ့တာပါ။ ဒီပူးပေါင်းမှုက မြို့နေသုံးစွဲသူရော ကျေးလက်နေသုံးစွဲသူတွေအတွက်ပါ ပိုအဆင်ပြေစေမယ် လို့ ယုံကြည်ပါတယ်။” ဟု One Pay Company Limited ၏ Chief Commercial Officer ဖြစ်သူ Mr. Sagar Bhagaddia က ပြောကြားခဲ့ပါသည်။

ထို့အတူ TrueMoney မြန်မာ၏ Managing Director ဖြစ်သူ ဒေါ်ကြည်သာရိုမန်နက်ကလည်း “ကျွန်မတို့ TrueMoney ရဲ့ ခံယူချက်ကတော့ ဘဏ်လုပ်ငန်း၀န်ဆောင်မှုရယူဖို့ အခက်အခဲရှိတဲ့သူတွေအတွက် ခေတ်မီ နည်းပညာတွေကို အသုံးချပြီး ဝန်ဆောင်မှု ပေးနိုင်ဖို့ဖြစ်ပါတယ်။ လက်ရှိမှာ TrueMoney က မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကိုယ်စားလှယ်ပေါင်း ၂၃,၀၀၀ ကျော်နဲ့ ခိုင်မာတဲ့ကွန်ရက်တစ်ခုကို တည်ဆောက်ထားပါတယ်။ TrueMoney အနေနဲ့ မြန်မာပြည်ရဲ့ ပထမဆုံး နေ့စဉ်လူနေမှုဘဝနှင့် ငွေကြေးဆိုင်ရာကို ပေါင်းစပ်ထားတဲ့ Onepay app နဲ့ လက်တွဲပူးပေါင်းရတဲ့အတွက် အရမ်းဝမ်းသာပါတယ်။ ဒီပူးပေါင်းမှုဟာ သုံးစွဲသူတွေအတွက် အကျိုးရှိစေမဲ့ ပူးပေါင်းမှုဖြစ်မယ်လို့ ယုံကြည်ပါတယ်။ အခုဆိုရင် Onepay အသုံးပြုသူတွေဟာ နီးစပ်ရာ TrueMoney ကိုယ်စားလှယ်ဆိုင်တွေမှာ ငွေသွင်းတဲ့ဝန်ဆောင်မှုရယူနိုင်မှာဖြစ်သလို TrueMoney ကိုယ်စားလှယ်တွေကလည်း Onepay app က ထောက်ပံ့ပေးထားတဲ့ Mobile Interbank Service အပါအဝင် အခြား ဝန်ဆောင်မှုအမျိုးမျိုးကြောင့် အချိန်ကုန်သက်သာပြီး အကျိုးရှိမှာအမှန်ပါပဲ။ ဒါ့အပြင် ဒီပူးပေါင်းမှုက ကျွန်မတို့ ဝန်ဆောင်မှုပေးချင်တဲ့ လူထုအတွက် အကျိုးရှိမယ်လို့ ယုံကြည်ပါတယ်။” ဟု ပြောကြားခဲ့ပါသည်။

Onepay app သည် သုံးစွဲသူနှင့် စီးပွားရေးလုပ်ငန်းများကို မိုဘိုင်းဘဏ်လုပ်ငန်းနှင့် ငွေပေးငွေယူ လုပ်ငန်းများ ပေါင်းစပ်ထားသော ပလက်ဖောင်းတစ်ခုတည်းပေါ်တွင် ဆက်သွယ်ချိတ်ဆက် ပေးသော app ဖြစ်ပါသည်။ Onepay app သည် ငွေကြေးဆိုင်ရာလုပ်ငန်းများနှင့် အရေးပါသောလူနေမှုလုပ်ငန်းဆောင်တာများအတွက် လိုအပ်သောကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများဝယ်ယူရတွင် ပိုမိုလွယ်ကူမြန်ဆန်သော ငွေပေးချေနိုင်သည့် ဝန်ဆောင်မှုပေးအပ်ခြင်းဖြင့် သုံးစွဲသူများအတွက် ရိုးရှင်းလွယ်ကူသော လူနေမှုပုံစံ ဖန်တီးပေးရန် ရည်ရွယ်ပါသည်။

Onepay app ကို android နှင့်ဖြစ်စေ၊ iOS နှင့်ဖြစ်စေ အသုံးပြုနိုင်မည်ဖြစ်ပြီး app ကို playstore နှင့် apple app store အသီးသီးမှ download ရယူနိုင်ပါသည်။ Onepay အကြောင်းကိုပိုမိုပြည့်စုံစွာသိရှိနိုင်ရန်နှင့် app ကို download လုပ်ရန် Onepay ၏ တရားဝင်စာမျက်နှာ www.onepay.com.mm ကို ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top