ကုမ္ပဏီတစ်ခုတည်းမှာ နှစ်ပေါင်း ၈၀ ကျော် အလုပ်လုပ်ခဲ့တဲ့ ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း

တသမု.jpg

ကုမ္ပဏီတစ်ခုတည်းမှာ နှစ်ပေါင်း ၈၀ ကျော် အလုပ်လုပ်ခဲ့တဲ့ ဝန်ထမ်းကတော့ ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်းလို့ သတ်မှတ်ခံခဲ့ရပြီး ဂင်းနက်စ်စံချိန်တင်နိုင်ခဲ့ပါတယ်။

ဘရာဇီးအမျိုးသား ဝေါလ်တာအော်သမန်ဟာ ၁၉၃၈ ခုနှစ်က အသက် ၁၅ နှစ်အရွယ်မှစပြီး ဘရာဇီးအထည်အလိပ်လုပ်ငန်းစု Industrias Renaux S.A မှာ အလုပ်စလုပ်ခဲ့တာပါ။ သူဟာ ပို့ဆောင်ဖြန့်ဖြူးရေးဌာနမှ လက်ထောက်အဖြစ် စတင်လုပ်ဆောင်ခဲ့ပြီး နောက်ပိုင်းမှာတော့ အရောင်းမန်နေဂျာအဆင့်အထိ တက်လှမ်းနိုင်ခဲ့ပါတယ်။

ဝေါလ်တာအော်သမန်ဟာ Industrias Renaux S.A. လုပ်ငန်းစုမှာ ၈၄ နှစ်နဲ့ ၉ ရက်ကြာ အလုပ်လုပ်ခဲ့ပြီး ကုမ္ပဏီတစ်ခုတည်းမှာ အချိန်အကြာဆုံး အလုပ်လုပ်သူအဖြစ် ဂင်းနက်စ်စံချိန် တင်နိုင်ခဲ့ပါတယ်။ အသက် ၁၀၀ ကျော်အထိ အလုပ်လုပ်ခဲ့တဲ့ ဝေါလ်တာအော်သမန်ဟာ ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၂ ရက်နေ့က အသက် ၁၀၂ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့တာပါ။

Ref: Walter Orthmann

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top