တစ်ဦးတည်းသောမိသားစုဝင်ဖြစ်တဲ့မိခင်ကို ကိုဗစ်ရောဂါကနေ ကယ်တင်ပေးဖို့ တောင်းဆိုနေတဲ့ ကောင်လေး

27-1-2021-yyl-53.jpg

အသက် (၁၄) နှစ်အရွယ် အီမီလီယန် ဆိုဆာ (Emilian Sosa) ဆိုတဲ့ ကောင်လေးဟာ သူ့ဘဝမှာ သူ့အမေပဲ ရှိတဲ့အတွက် ပြင်းထန်တဲ့ကိုဗစ်ရောဂါကနေ ကယ်တင်ပေးဖို့ လူမှုကွန်ယက်အသုံးပြုသူတွေကို တောင်းဆိုခဲ့ပါတယ်။ တက္ကဆပ်ပြည်နယ်က အဲဒီကောင်လေးဟာ သူ့ရဲ့မိခင် အီရီကာ ကယ်ဒါရွန် (Erika Calderon) က အသက်အန္တရာယ်စိုးရိမ်နေရပြီး အဆုတ်ပျက်စီးနေတဲ့အတွက် အသက်ရှုစက်တပ်ထားရတယ်လို့ ဆိုပါတယ်။

သူ့အမေက extracorporeal membrane oxygenation (ECMO) လို့ခေါ်တဲ့ အထူးကုသမှုခံယူရမှာဖြစ်တဲ့အတွက် အလှူခံပြီး အကူအညီတောင်းနေတဲ့ ပို့စ်ကို တင်ခဲ့တာပါ။ အဲဒီအထူးကုသမှုက နှလုံးနဲ့အဆုတ်အလုပ်မလုပ်တော့တဲ့ လူနာတွေအတွက် ရေရှည်အသက်ရှုနိုင်ဖို့နဲ့ သွေးလည်ပတ်နိုင်ဖို့အတွက် ထောက်ပံ့ပေးပါတယ်။ အင်္ဂါနေ့က GoFundMe ပေ့ချ်မှာ အီမီလီယန်ဟာ “ကျွန်တော့်အမေ အီရီကာ ကယ်ဒါရွန် ကိုဗစ်ဖြစ်နေတာပါ။ သူ ဆေးရုံတက်နေရတာ ရက်ပေါင်း ၂၂ ရက်ရှိနေပြီး အဆုတ်ကလည်း ကောင်းမလာဘူး။ သူ့အသက်ကို ကယ်တင်နိုင်ဖို့အတွက် ကုထုံးအသစ်ခံယူဖို့အတွက် ဆေးရုံအသစ်ပြောင်းဖို့ လိုနေပါတယ်။ ဆေးရုံအသစ်ပြောင်းဖို့ ကုန်ကျစရိတ်အကုန်လုံးကို ကျွန်တော်တို့ ပိုက်ဆံမလုံလောက်ဘူးဖြစ်နေပါတယ်”လို့ ရေးသားခဲ့ပါတယ်။

အီမီလီယန်က သူ့ရဲ့မိခင်ကို Zoom ကနေပဲ မြင်တွေ့ရနိုင်တာပါ။ သူ့ရဲ့မိခင် စိတ်ဓာတ်မကျဖို့အတွက် သူဟာ ဓမ္မတေးဆိုပြတယ်။ တယောတီးပြတယ်။ သူ့မိခင်ရဲ့အခြေအနေကို မြင်တွေ့ရတာ သူ့ရဲ့နှလုံးသားကို နာကျင်စေတယ်လို့ ဆိုပါတယ်။ တက္ကဆက်ပြည်နယ်အုပ်ချုပ်ရေးမှူး ဂရက်အက်ဘော့ Gregg Abbott ဆီကိုလည်း ECMO ကုသမှုကသာ သူ့အမေအတွက် တစ်ခုတည်းသောမျှော်လင့်ချက်ပါလို့ ပြောပြီး အကူအညီတောင်းခံစာရေးသားခဲ့ပါသေးတယ်။

“ကျွန်တော့်အမေက သူ့ဘဝတစ်လျှောက်မှာ ကျွန်တော့်ကို ပြုစုပျိုးထောင်ဖို့အတွက် အလုပ်လုပ်ခဲ့ရတယ်။ အလုပ်ကြိုးစားတဲ့ Single mother တစ်ယောက်ပါ။ ကျွန်တော်ရဲ့တစ်ဦးတည်းသောမိသားစုဝင်ပါပဲ” လို့အီမီလီယန်က ပြောပါတယ်။ ဗုဒ္ဓဟူးနေ့ညနေပိုင်းအထိတော့ အီမီလီယန်က လှူဒါန်းငွေ ဒေါ်လာ၂၀,၀၀၀ ရရှိနေပါတယ်။ မကြာခင်မှာတော့ သူ့မိခင်ဟာ အထူးကုသမှုခံယူဖို့အတွက် ဆေးရုံအသစ်ကိုပြောင်းရွှေ့နိုင်မယ်လို့ မျှော်လင့်ရပါတယ်။

Ref: Metro “Boy, 14, whose only family is his mother begs for help to save her from serious Covid infection”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top