မောင်နှမတွေလို့တောင် ထင်မှတ်ခံရတဲ့ ရုပ်ချင်းတော်တော်တူတဲ့ ဇနီးမောင်နှံ

twin1.jpg

ဖူးစာပါရင် စုံတွဲတွေ ရုပ်ချင်းဆင်ကြတယ်ဆိုတဲ့စကားကို ကြားဖူးကြမယ်ထင်ပါတယ်။ တရုတ်နိုင်ငံက ဒီဇနီးမောင်နှံဆိုရင်လည်း ရုပ်ချင်းတော်တော်ဆင်ကြပါတယ်။ သူတို့နှစ်ဦးကို မောင်နှမလို့ အမှတ်မှားလောက်အောင် ရုပ်ချင်းတူတာကြောင့် လူမှုကွန်ယက်မှာ ပြောစမှတ်ပြုနေပါတယ်။ 

အသက် ၃၀ အရွယ် လျန်နဲ့ အသက် ၃၁ နှစ်အရွယ် သူ့ခင်ပွန်း ဟယ်တို့ဟာ ကွမ်တုန်ပြည်နယ်ရဲ့ Dianbai ခရိုင်ကပါ။ သူတို့ရဲ့ငယ်ဘဝနေအိမ်တွေက တစ်အိမ်နဲ့တစ်အိမ် နီးတဲ့နေရာမှာရှိကြပေမဲ့ အခြားမြိုမှာ အလုပ်လုပ်တဲ့အချိန်ကျမှ သူငယ်ချင်းတွေရဲ့မိတ်ဆက်ပေးမှုနဲ့ တွေ့ဆုံခဲ့ကြတာပါ။ 

အရင်က လျန်ဟာ အိမ်ထောင်ဖက်တွေ့ဆုံတာမျိုးတွေလုပ်ခဲ့ဖူးပေမဲ့ သူနဲ့ ပေါင်းဖက်မယ့်သူကို မတွေ့ဆုံခဲ့ပါဘူး။ နောက်မှ ဟယ်နဲ့ တွေ့ဆုံမိခဲ့ပြီး ပေါင်းဖက်ဖို့အထိ ဖြစ်လာခဲ့ပါတယ်။ သူတို့နှစ်ဦးက ပထမဆုံးတွေ့ဆုံမှုအပြီး နှစ်ဝက်အတွင်းမှာ လက်ထပ်ဖြစ်ခဲ့ပါတယ်။ သူတို့နှစ်ဦး ရုပ်ချင်းဆင်တယ်လို့ သူငယ်ချင်းတွေက ပြောကြပါတယ်။ သူစိမ်းတွေကဆိုရင် သူတို့နှစ်ဦးကို မောင်နှမတွေလို့တောင် မကြာခဏမှားတတ်ကြပါတယ်။ အဲ့ဒီအချိန်ဆို သူတို့ ငိုရမလား၊ ရယ်ရမလားတောင် မသိဘူးလို့ ဆိုပါတယ်။ 

သူတို့နှစ်ဦး စပြီးဆုံတွေ့တဲ့အချိန်တုန်းက ရုပ်တူတယ်လို မထင်ခဲ့ဘူး။ သူတို့မိသားစုနဲ့ သူငယ်ချင်းတွေက သူတို့နှစ်ဦး ရုပ်ချင်းတူတယ်လို့ ပြောကြမှ သူတို့ ရုပ်တူတယ်ဆိုတာ သိခဲ့ရတာပါ။ လျန်တို့ဇနီးမောင်နှံက တုံးကွမ်မြိုမှာ ဆေးဖက်ဝင်အပင်တွေနဲ့ အာဟာရဖြစ်စေတဲ့ ဟင်းခတ်ပစ္စည်းတွေ ရောင်းချတဲ့ လက်ကားစီးပွားရေးလုပ်ငန်းလုပ်ကိုင်ပါတယ်။ သူတို့ရဲ့စီးပွားရေးကို မြှင့်တင်ဖို လူမှုကွန်ယက်ပေါ်မှာ ဟာသဗီဒီယိုတွေ မကြာခဏတင်လေ့ရှိပါတယ်။ အင်္ကျီဆင်တူဝတ်ဆင်ပြီး ဗီဒီယိုရိုက်လေ့ရှိပါတယ်။ ဟယ်ဆိုရင် လူစိတ်ဝင်စားမှုများအောင် ဆံပင်အတု မကြာခဏတပ်ပြီးတော့ သူ့မိန်းမလျန်နဲ့အတူ ဟာသဗီဒီယိုတွေရိုက်ပါတယ်။ 

အခုဆိုရင် လျန်နဲ့ဟယ်ကို လူမှုကွန်ယက်ပေါ်မှာ ရုပ်ချင်းတူဆုံးစုံတွဲအဖြစ် လူသိများနေပါပြီ။ 

Ref: This Married Couple From China Look So Alike, They’ve Been Mistaken For Siblings

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top