ဆိုလာမီးဖိုနဲ့ ကိတ်မုန့်၊ ပီဇာလုပ်လို့ရတယ်ဆိုတာ ပြသခဲ့တဲ့ အိန္ဒိယတက္ကသိုလ်တစ်ခုရဲ့ပါမောက္ခနဲ့သူ့ရဲ့အဖွဲ့

30-11-2022-yyl09.jpg

ဆိုလာမီးဖိုတွေက အချိန်အတော်ကြာရှိနေခဲ့ပေမဲ့ ကျယ်ကျယ်ပြန့်ပြန့်အသုံးမပြုခဲ့ကြပါဘူး။ မကြာသေးခင်က အိန္ဒိယနိုင်ငံ၊ ပါလာနီမြို့က Birla Institute of Technology and Science (BITS Pilani) တက္ကသိုလ်ရဲ့ တွဲဖက်ပါမောက္ခနဲ့သူ့အဖွဲ့သားတွေက ကိတ်မုန့်၊ ပီဇာတွေပါ လုပ်လို့ရတဲ့ ဆိုလာမီးဖိုကို တီထွင်ခဲ့ပါတယ်။ BITS Pilani ရဲ့နှစ်စဉ်ကျင်းပမြဲယဉ်ကျေးမှုပွဲတော် Oasis 2022 မှာ ပါမောက္ခ မာနိုဂျ် ကူမား ဆိုနီတို့အဖွဲ့က နေရဲ့စွမ်းအင်နဲ့ အစားအစာကို ဘယ်လိုချက်ပြုတ်နိုင်တယ်ဆိုတာကို ပြသခဲ့ပါတယ်။

နိုဝင်ဘာ ၂၀-၂၂ အထိ (၃) ရက်တာပွဲတော်အတွင်း ပါမောက္ခဆိုနီတို့အဖွဲ့က ဆိုလာနဲ့ ချက်ပြုတ်လို့နိုင်တယ်ဆိုတာ ပြသဖို့ ကိတ်မုန့်၊ ပီဇာလို အစားအစာတွေအပြင် sabudana khichadi အိန္ဒိယအစားအစာကိုလည်း ပြင်ဆင်ပြခဲ့ပါတယ်။
ပါမောက္ခနဲ့ သူ့ရဲ့ကျောင်းသားတွေက ပြည်လည်ပြည့်ဖြိုးမြဲစွမ်းအင်နဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပြီး ပွဲတော်အတွက် သူတို့ရဲ့ဆိုလာမီးဖိုကို ပြသဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။ ကျောင်းသားတွေက ကုန်ကြမ်းတွေကို စုဆောင်းခဲ့ပြီး ပါမောက္ခနဲ့ သူ့ဇနီးတို့က ချောကလက်၊ ဗနီလာနဲ့ လိမ္မော်ကိတ်၊ ပီဇာစတဲ့ အစားအသောက်တွေကို ကူညီပြင်ဆင်ခဲ့ကြပါတယ်။ အဲဒါတွေကို သူတို့ရောင်းချခဲ့ပြီး အမြတ်ငွေကို BITS Pilani ကျောင်းသား/သူတွေ ဦးဆောင်တဲ့ NGO အဖွဲ့အစည်း Nirmaan ဆီ လှူဒါန်းခဲ့တာပါ။

ဆိုလာမီးဖိုတွေက နေကနေ အလင်းရောင်က တစ်နေရာတည်း ဆုံချက်ချိန်လို့ရတဲ့ မှန်ဘီလူးရဲ့သဘောတရားအတိုင်း လုပ်ဆောင်တယ်လို့ ပါမောက္ခဆိုနီရဲ့ပြောစရာအရ သိရပါတယ်။ ” ဆိုလာမီးဖိုကတော့ မှန်ဘီလူးအစား ကုန်ကြမ်းတွေထားရာ နေရာတစ်ခုအထိ ဆိုလာဖြာထွက်မှုကို ဆုံချက်ချိန်တဲ့ ကတော့ဖြတ်ပိုင်းပုံစံတစ်ခုပါရှိပါတယ်။ ဆိုလာဖြာထွက်မှုအားပေါ်မူတည်ပြီး ကိတ်မုန့် (သို့) ပီဇာကို (၁၅ မိနစ်- မိနစ်၂၀) အတွင်း လုပ်နိုင်တယ်”လို့ ပါမောက္ခဆိုနီက ပြောပါတယ်။

ဆိုလာမီးဖိုရဲ့အားသာချက်တွေထဲက တစ်ခုက ဈေးချိုပြီး လောင်စာမလိုတာကြောင့် အိမ်သုံးနဲ့အသေးစားလုပ်ငန်းတွေအတွက် အသင့်တော်ဆုံးဖြစ်တာပါပဲ။ ဒီဆိုလာမီးဖိုရဲ့အားနည်းချက်တွေကတော့ စွမ်းအင်ကို သိုလှောင်မထားနိုင်တဲ့အတွက် နေ့ဘက်မှာပဲ အသုံးပြုလို့ရနိုင်တာ၊ လူတွေ နေပူထဲရပ်နေရတာ၊ အဲဒါထားဖို့ နေရာပိုပေးရတာ (ဒါက မြို့ကြီးတွေမှာ ပြဿနာဖြစ်နိုင်ပါတယ်) တွေပါ။

ပါမောက္ခဆိုနီတို့အဖွဲ့က လယ်သမားတွေအတွက် ရိတ်သိမ်းထားတဲ့ ကောက်ပဲသီးနှံတွေကို အခြောက်ခံဖို့ များစွာအထောက်အကူဖြစ်စေမယ့် ဆိုလာအခြောက်ခံစက်ကိုလည်း တီထွင်ဖို့ လုပ်ဆောင်နေပါတယ်။

Ref: Indiatimes “Sun-Cooked Cakes And Pizzas? These Solar Cookers Can Get It Done Without Causing Any Pollution”

WL(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top