ကမ္ဘာ့မြတ်ဆရာဆု ရခဲ့တဲ့ အိန္ဒိယရွာကျောင်း ကျောင်းဆရာက ဆုကြေးငွေ ဒေါ်လာတစ်သန်းကို ခွဲဝေပေး

4-12-2020-yyl-012.jpg

အခွင့်အရေး ဆုံးရှုံးနေတဲ့ မိန်းကလေးငယ်တွေ ပညာသင်ကြားခွင့်ရရှိအောင် ဆောင်ရွက်ပေးခဲ့တဲ့ အိန္ဒိယနိုင်ငံ ရွာကျောင်းရဲ့ ကျောင်းဆရာတစ်ယောက်ဟာ အခုနှစ်အတွက် ပေးအပ်တဲ့ ကမ္ဘာ့မြတ်ဆရာဆု (Global Teacher Prize) ဆွတ်ခူးခဲ့ပါတယ်။

အသက် ၃၂ နှစ်ရှိတဲ့ ကျောင်းဆရာ ရန်ဂျစ်ဆင်းဒီဆာလီဟာ ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၁ သန်း ရရှိတဲ့အနက် တစ်ဝက်ကို ဆန်ခါတင် ၁၀ ယောက်စာရင်း ဝင်ခဲ့ပေမဲ့ ဆုမရသူတွေအတွက် ခွဲဝေပေးခဲ့ပါတယ်။ ဆုကြေးငွေ ခွဲဝေပေးတဲ့အတွက် အီတလီ၊ ဘရာဇီး၊ ဗီယက်နမ်၊ မလေးရှား၊ နိုင်ဂျီးရီးယား၊ တောင်အာဖရိက၊ တောင်ကိုရီးယား၊ အမေရိကန်နဲ့ ဗြိတိန်နိုင်ငံက ကျောင်းဆရာတွေဟာ တစ်ယောက်ကို ပေါင် ၄၀၀၀၀ ကျော်စီ ရရှိမှာပါ။

ဒီဆာလီဟာ အိန္ဒိယနိုင်ငံ အနောက်ပိုင်း မဟာရက်ရှ်ထရာပြည်နယ်ရဲ့ မိုးခေါင်ရေရှားတဲ့ ပါရတီဝဒီရွာရဲ့ မူလတန်းကျောင်းဆရာပါ။ သူဟာ ချို့တဲ့နွမ်းပါးတဲ့ မိန်းကလေးငယ်တွေ ပညာသင်ကြားခွင့် ဆုံးရှုံးပြီး အသက်ငယ်ငယ်နဲ့ အိမ်ထောင်ပြုရတဲ့ အခြေအနေကို တစ်ဖက်တစ်လမ်းကနေ တားဆီးခဲ့သူပါ။ မိန်းကလေးငယ်တွေ ကျောင်းတက်ခွင့်ရရှိပြီး ပညာရေးထူးချွန်အောင် ဒီလာလီက စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ အဲဒီအတွက် ကမ္ဘာတစ်ဝန်းက ကျောင်းဆရာ ၁၂၀၀၀ ကို ကျော်ဖြတ်ပြီး ကမ္ဘာ့မြတ်ဆရာဆုရရှိခဲ့တာပါ။

” အခုလို ခက်ခဲတဲ့အချိန်မျိုးမှာ ကျောင်းသား၊ ကျောင်းသူတိုင်းရဲ့ မွေးရာပါအခွင့်အရေးဖြစ်တဲ့ ကောင်းမွန်စွာ ပညာသင်ကြားခွင့်ရရှိရေးအတွက် ဆရာ၊ ဆရာမအားလုံး အကောင်းဆုံး ကြိုးပမ်းနေကြပါတယ်” လို့ ဒီဆာလီက ပြောပါတယ်။

ဒီဆာလီဟာ နိုင်ငံ ၈၃ နိုင်ငံမှာရှိတဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် အွန်လိုင်းကနေတစ်ဆင့် သိပ္ပံသင်ခန်းစာတွေ သင်ကြားပေးနေပြီး ပဋိပက္ခဖြစ်ပွားရာ ဇုန်များမှာရှိတဲ့ရှိ လူငယ်တွေ အဆက်အသွယ်လုပ်နိုင်မယ့် နိုင်ငံတကာ စီမံကိန်းကိုလည်း တည်ထောင်ခဲ့သူပါ။
ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း အခမဲ့ သင်္ချာကျူရှင်ဝက်ဘ်ဆိုက် တည်ထောင်ခဲ့တဲ့ ဗြိတိန်နိုင်ငံသား ကျောင်းဆရာ ဂျေမီဖရော့ကတော့ အထူးဆုဖြစ်တဲ့ ကိုဗစ်သူရဲကောင်းဆု ရရှိခဲ့ပြီး ဆုကြေးငွေ ပေါင် ၃၄၀၀၀ ရရှိခဲ့ပါတယ်။

Ref: BBC ” Top teacher wins $1m and gives half away”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top