Voice Line အသစ်များ ပါဝင်သည့် Super Zoe Voice Pack ကို အောက်တိုဘာ ၇ ရက်မှ ၂၇ ရက်နေ့အတွင်း PUBG MOBILE တွင် အခမဲ့ ရရှိနိုင်မည်ဖြစ်ပါသည်။
“တကျော့ပြန် စူပါဇိုး (Super Zoe Returns)” Voice Pack Campaign ဗီဒီယိုကို ဖော်ပြပါ လင့်ကနေ Link Download ရယူနိုင်ပါသည်။
ကမ္ဘာကျော် နာမည်ကြီး မိုဘိုင်းဂိမ်းတစ်ခုဖြစ်သည့် PUBG MOBILE သည် မြန်မာနိုင်ငံမှ ချစ်ခင်အားပေးသူ ကစားသမားများအတွက် သီးသန့်ရည်ရွယ်၍ မြန်မာဘာသာစကားဖြင့် အထူး ဖန်တီးထားသော Super Zoe Voice Pack ကို နိုင်ငံအတွင်း ဂိမ်းကစားသူများအတွက် ပိုမိုကောင်းမွန်သော ဂိမ်းကစားခြင်း အတွေ့အကြုံနှင် ခံစားမှုရသဖြစ်စေရန် Voice Line အသစ်များ ထပ်မံထည့်သွင်းကာ ပြန်လည်မိတ်ဆက်လိုက်ပြီ ဖြစ်ပါသည်။ တကျော့ပြန် ပြန်လည်မိတ်ဆက်လိုက်တဲ့ Super Zoe Voice Pack ရှိ Voice Line အသစ်များကို ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့မှ အောက်တိုဘာလ ၂၇ ရက်နေ့အထိ PUBG MOBILE ဂိမ်းအတွင်းရှိ သတ်မှတ်ထားသော In-game missions များကို ဆော့ကစားခြင်းဖြင့် မိမိတို့ နှစ်သက်သော Voice Pack များကို အခမဲ့ ရယူနိုင်မည်ဖြစ်သည်။
ယခု ပြန်လည် မိတ်ဆက်လိုက်သည့် တကျော့ပြန် စူပါဇိုး (Super Zoe Returns) သည် ယခင် ၂၀၂၄ ခုနှစ်တွင် ဖန်တီးထုတ်လိုက်သည့် Zoe Voice Pack ကို Voice Line အသစ် ၁၀ ခုဖြင့် ထပ်မံ ဆန်းသစ်ထားခြင်းဖြစ်ပါသည်။ PUBG MOBILE တွင် သတ်မှတ်ကာလအတွင်း Super Zoe Voice Pack ရှိ Voice Line အသစ် ၁၀ ခုကို In-game missions တွေကို ဆော့ရင်းဖြင့် အခမဲ့ ရရှိနိုင်မှာ ဖြစ်ပြီး မနှစ်က Voice Line ၁၀ ခုနှင့် မိတ်ဆက်ထားသည့် Zoe Voice Pack ကိုလည်း Crystal Shop မှာ Ocean Crystal တွေနဲ့ လဲလှယ် ရရှိနိုင်မှာဖြစ်ပါသည်။
PUBG MOBILE Myanmar ၏ Country Manager ဖြစ်သူ Aman Kumar က “မြန်မာနိုင်ငံက PUBG MOBILE ကစားသမားတွေအတွက် Super Zoe Voice Pack ကို Voice Line အသစ်တွေနဲ့ အတူ ပြန်လည်မိတ်ဆက်နိုင်တာအတွက် အထူးပဲ ဝမ်းသာဂုဏ်ယူမိပါတယ်။ ဒီလို လုပ်ဆောင်နိုင်ခြင်းက PUBG MOBILE ကစားသမားတွေအတွက် ပိုမိုကောင်းမွန်တဲ့ ဂိမ်းကစားတဲ့ အတွေ့ကြုံတွေကို စဉ်ဆက်မပျက် ဖန်တီးပေးစွမ်းနိုင်ဖို့အတွက် ခြေလှမ်းတစ်ရပ်ဖြစ်ပါတယ်။ အခုလို ဖန်တီးလုပ်ဆောင်မှုတွေကနေ ကစားသမားတွေအကြား ပျော်ရွှင်ဖွယ်ကောင်းတဲ့ ဆက်သွယ်ပြောဆိုမှုတွေ ဖြစ်ပေါ်စေမှာ ဖြစ်ပြီး ပိုမို စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ PUBG Mobile ဂိမ်းအတွေ့ကြုံတွေကို ရရှိနိုင်စေမှာဖြစ်ပါတယ်” ဟု ပြောကြားခဲ့ပါသည်။
တကျော့ပြန် စူပါဇိုး (Super Zoe Returns) တွင် မြန်မာကစားသမားတွေ ကြိုက်နှစ်သက်စေနိုင်သည့် မြန်မာစကားလုံးတွေအပေါ် အခြေခံပြီး ဖန်တီးထားခြင်းဖြစ်ကာ မနှစ်က မိတ်ဆက်ထားသည့် ဇိုး Voice Pack အပါအဝင် PUBG MOBILE တွင် မြန်မာစကားလုံးများဖြင့် Voice Line ပေါင်း ၂၀ ရရှိတော့မှာဖြစ်ပါသည်။ ဤ Voice Line များကို ဂိမ်းကစားနေစဉ်အတွင်း အသင်းဖော်အချင်းချင်း ပိုမိုထိရောက်သော ဆက်သွယ်အချက်ပေးမှုများ ပိုမိုထိရောက်စေရန် အသုံးပြုနိုင်မည်ဖြစ်ပါသည်။
PUBG MOBILE သည် ဒေသအလိုက် ပိုမိုဆန်းသစ်သည့် ဂိမ်းအတွေ့အကြုံကောင်းများ ဖန်တီးပေးခြင်းဖြင့် ကမ္ဘာတစ်ဝန်းရှိ ကစားသမားများကို ဆက်လက် ပံ့ပိုးပေးနေပြီး မြန်မာကစားသမားများ၏ ဂိမ်းကစားခြင်း အတွေ့အကြုံတွေကိုလည်း ထူးခြားဆန်းသစ်သည့် အခွင့်အရေးကောင်းများ ရရှိနိုင်ဖို့အတွက် ဆက်လက်ဖန်တီးပံ့ပိုးပေးသွားမည် ဖြစ်ပါသည်။
PUBG MOBILE eSports သတင်းများအတွက် Facebook, Instagram, X နှင့် YouTube တို့တွင် ဆက်လက်ကြည့်ရှု နိုင်သည်။
PUBG MOBILE အကြောင်း
PUBG MOBILE သည် ၂၀၁၇ ခုနှစ်တွင် ရေပန်းစားစေခဲ့သော PUBG: BATTLEGROUNDS ကို အခြေခံထားသည်။ ကစားသမား အယောက် ၁၀၀ ခန့်သည် ဝေးလံခေါင်သီသော ကျွန်းပေါ်သို့ လေထီးနှင့် ဆင်းလာပြီး အနိုင်ရသူမှ အားလုံးကို သိမ်းပိုက်နိုင်သော နောက်ဆုံးပွဲစဉ်အထိ ယှဉ်ပြိုင်ကြသည်။ ကစားသမားများသည် ကိုယ်ပိုင်လက်နက်များ၊ ယာဉ်များနှင့် လိုအပ်သည့် ပစ္စည်းများကို ရှာဖွေစုဆောင်းရမည်ဖြစ်ကာ အမြင်အာရုံနှင့် နည်းဗျူဟာ ကြွယ်ဝပြီး အချိန်နှင့်အမျှ နေရာ ကျဉ်းမြောင်းလာသော တိုက်ပွဲတွင် အခြားကစားသမားများအားလုံးကို အနိုင်ရယူရမည်ဖြစ်သည်။ PUBG MOBILE ကို Tencent Games ၏ LIGHTSPEED STUDIOS နှင့် KRAFTON Inc တို့က ပူးပေါင်းဖန်တီးထားသည်။
ပိုမိုသိရှိလိုပါက PUBG MOBILE ၏ တရားဝင် အကောင့်များဖြစ်သည့် Facebook, Instagram, X နှင့် YouTube တို့တွင် လေ့လာနိုင်ပါသည်။
PUBG MOBILE ကို App Store နှင့် Google Play တွင် အခမဲ့ဒေါင်းလုဒ်လုပ်နိုင်ပါသည်။
NZ ( ရိုးရာလေး)

