“The Portrait Expert” ဆိုတဲ့ ဆောင်ပုဒ်နဲ့ ထွက်ရှိလာမဲ့ Reno Series အသစ် OPPO Reno8 T

24.2.2023-image-12-1.jpg

The Portrait Expert ဆိုပြီး ထွက်ရှိလာမဲ့ OPPO Reno8 T ဟာ Camera အရည်အသွေးပိုင်း ဆန်းသစ်ချက်တွေသာမက ဒီဇိုင်းပိုင်း ဆန်းသစ်ခေတ်မီစွာနဲ့ ရောက်ရှိလာတော့မှာဖြစ်ပါတယ်။
“The Portrait Expert” လို့ ဆိုတဲ့အတိုင်း OPPO Reno8 T ဟာ အရင် Reno Series ဖုန်းတွေမှာ ပါဝင်တဲ့ Main Camera Megapixel အားလုံးကို ကျော်လွန်ကာ 100 MP Portrait Camera ပါဝင်တဲ့ ပထမဆုံး စမတ်ဖုန်းဖြစ်လာမည်ဖြစ်ပြီး ပုံရိပ်တွေကို ချဲ့ ရိုက်ကူးတဲ့အခါတွေမှာ အရည်အသွေး ကြည်လင်ပြတ်သားမှုရှိအောင် ဖန်တီးထုတ်လုပ်ထားပါတယ်။

ကင်မရာပိုင်းတွင်သာမကပဲ ဒီဇိုင်းပိုင်းမှာပါ ထူးကဲအံ့သြဖွယ်ရာကောင်းလာမဲ့ OPPO Reno8 T ဟာ Ultra Slim Design နဲ့ ထွက်ရှိလာမှာဖြစ်ပြီး Classic Reno Design နဲ့ လှလှပပ ပေါင်းစပ်ဖန်တီးထားကာ ပေါ့ပေါ့ပါးပါး ကိုင်ဆောင်ရလွယ်ကူစေမဲ့ ဖုန်းတစ်လုံးဖြစ်လာမှာပါ။
OPPO Reno8 T ဟာ လူငယ်တွေ ကြိုက်နှစ်သက်မဲ့ Premium Fiberglass-leather Design နဲ့ ပြုလုပ်ဖန်တီးထားတဲ့ Sunset Orange အရောင်နဲ့ OPPO Glow Design နဲ့ ပြုလုပ်ဖန်တီးထားတဲ့ Midnight Black ဆိုပြီး အရောင်နှစ်ရောင်နဲ့ ထွက်ရှိလာမှာဖြစ်ပါတယ်။

ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်းအမှတ်တံဆိပ်ဖြစ်တဲ့ OPPO ဟာ Reno Series ကို မြန်မာနိုင်ငံမှာတော့ ၂၀၁၉ ခုနှစ်က စတင် မိတ်ဆက်ခဲ့ပြီး OPPO Reno Series တွေဟာ Camera ပိုင်းမှာ ခေတ်ရှေ့ပြေးနည်းပညာတွေနဲ့ ဖန်တီးပြုလုပ်ထားတာဖြစ်လို့ စျေးကွက်အတွင်း လူကြိုက်များ နာမည်ကြီးခဲ့ပါတယ်။ OPPO ဟာ Reno Series တွေဖြစ်တဲ့ Reno , Reno 2, Reno 2F, Reno 3, Reno 3 Pro, Reno 4, Reno 4 Pro, Reno 5 ဖုန်းတွေကို ၂၀၁၉ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အတွင်း အောင်မြင်စွာ မိတ်ဆက်ပေးနိုင်ခဲ့ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top