ကမ္ဘာကျော်ပေါ့ပ်ဘုရင်မ တေလာဆွစ်ဖ်ဟာ သူ့ရဲ့ Eras Tour အကြောင်း ရိုက်ကူးထားတဲ့ မှတ်တမ်းစီးရီးတွေကို ဒီဇင်ဘာလမှာ ထွက်ရှိမှာဖြစ်ပါတယ်။ အပိုင်း ၆ ပိုင်းရှိတဲ့ Taylor Swift: The Eras Tour: The End ကို ဒီဇင်ဘာ ၁၂ ရက်နေ့မှာ Disney+ မှာ ပြသသွားမှာဖြစ်ပြီး Vancouver မှာ စံချိန်ချိုးခဲ့တဲ့ ဖျော်ဖြေပွဲရဲ့အဆုံးသတ်မှာ ရိုက်ကူးထားတဲ့ ဖျော်ဖြေပွဲရုပ်ရှင်အသစ် Taylor Swift: The Eras Tour: The End ကိုလည်း တစ်နေ့တည်းမှာပဲ ထွက်ရှိသွားမှာဖြစ်ပါတယ်။
တေလာရဲ့ ဖျော်ဖြေပွဲက သတင်းခေါင်းစဉ်ဖြစ်စေခဲ့ပြီး ကမ္ဘာ့တဝှမ်းက ပရိသတ်တွေကို ရင်ဖိုစိတ်လှုပ်ရှားစေခဲ့တဲ့အတွက် ဒီစီးရီးက တေလာရဲ့ဘဝကို အနီးကပ်ကြည့်ရှုရမှာဖြစ်ပါတယ်။ ပထမဆုံးအပိုင်း ၂ ပိုင်းကို ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ပြမှာဖြစ်ပြီးကျန်တဲ့ ၄ ပိုင်းကို တစ်ပတ် ၂ ပိုင်းနှုန်းနဲ့ ပြသသွားမှာဖြစ်ပါတယ်။
Ref: Taylor Swift to release docuseries about her Eras Tour in December
WL (ရိုးရာလေး)

