“ငါတို့ကို သွားခွင့်ပေးပါ”

67574640_3296962317011232_5065495101896130560_n.jpg

ပြီးခဲ့တဲ့ ဇူလိုင်လ (၂၂) ရက်နေ့တုန်းက သက်လတ်ပိုင်းအမျိုးသမီးတစ်ဦးဟာ အသက် (၆) နှစ်အရွယ် ကလေးငယ်တစ်ဦးရဲ့လက်ကိုဆွဲရင်း မက္ကဆီကိုနယ်စပ်မြို့ (Ciudad Juarez) ရဲ့ နယ်စပ်ဂိတ်တစ်ခုအနားကို လမ်းလျှောက်လာခဲ့ပါတယ်။ သူတို့ကတော့ ဂွာတီမာလာလူမျိုးရွှေ့ပြောင်းနေထိုင်သူတစ်ယောက်ဖြစ်တဲ့ လက်တီ ပီရက်ဇ် (Lety Perez) နဲ့ သားဖြစ်သူအန်သိုနီ (Anthony) တို့ပဲ ဖြစ်ပါတယ်။

မက္ကဆီကိုနိုင်ငံမှာ ပြောင်းရွှေ့နေထိုင်ဖို့အတွက် မွေးရပ်မြေ ဂွာတီမာလာနိုင်ငံကိုစွန့်ခွာလာခဲ့ကြတာဖြစ်ပြီး သူတို့ခရီးနှင်လာခဲ့တာက (၂၄၁၀) ကီလိုမီတာထိအောင် ရှိနေခဲ့ပါပြီ။ US ကနေ လမ်းနည်းနည်းလျှောက်လာရုံရှိသေး နယ်ခြားစောင့် တပ်ဖွဲ့က တပ်ဖွဲ့ဝင်တစ်ဦက စစ်ဆေးတားဖြစ်တာကြောင့် ရပ်တန့်ခဲ့ရပါတယ်။ သူတို့သားအမိနှစ်ဦးကိုဖြတ်သန်းခွင့်ပြုပေးဖို့ စစ်ဆေးတားမြစ်တဲ့ နယ်ခြားစောင့် တပ်ဖွဲ့က တပ်ဖွဲ့ဝင်တစ်ဦးကို ပီရက်ဇ်က အသည်းအသန်တောင်းပန်ခဲ့ပါတယ်။

သားဖြစ်သူကိုတင်းကြပ်နေအောင်ပွေ့ဖက်ထားရင်း လက်သီးကျစ်ကျစ်ဆုပ်ငိုကြွေးနေတဲ့ပီရက်ဇ်ရဲ့ ဓာတ်ပုံက လူမှုကွန်ရက်ပေါ်မှာပျံ့နှံ့သွားခဲ့ပြီး မြင်ရသူတိုင်းကို ဝမ်းနည်းကရုဏာသက်စေခဲ့ပါတယ်။

Ref: CGTN
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top