နှစ်ထောင်ချီ တောင့်တင်းခိုင်မာနေတဲ့ ရောမခေတ်ကွန်ကရစ်တွေရဲ့ လျှို့ဝှက်ချက်

roma.jpg

ရောမခေတ် ကွန်ကရစ်ဟာ အချိန်ရဲ့တိုက်စားမှုကို ခံနိုင်စွမ်းရှိတဲ့ အံ့အားသင့်စရာ ဆောက်လုပ်ရေးပစ္စည်းတစ်မျိုး ဖြစ်ပါတယ်။ လက်ရှိ အသုံးပြုနေတဲ့ ကွန်ကရစ်တွေက အချိန်ကြာလာရင် တောင့်တင်းမှုအားနည်းလာပေမဲ့ ရောမခေတ်ကွန်ကရစ်ကို ဖန်တီးရာမှာ မီးတောင်ပြာမှုန့် ပါဝင်တဲ့အတွက် ပင်လယ်ရေနဲ့ထိရင် ပိုမိုမာကျော တောင့်တင်းလာနိုင်စွမ်း ရှိပါတယ်။

ရောမခေတ် ကွန်ကရစ်အဆောက်အအုံတွေရဲ့ အက်ကွဲကြောင်းတွေထဲကို ပင်လယ်ရေစိမ့်ဝင်တဲ့အခါ ဓာတုဓာတ်ပြုမှုဖြစ်ပြီး အမှုန်ငယ်လေးတွေ ထွက်လာကာ အက်ကွဲကြောင်း ကွက်လပ်ကို ပြန်ပြည့်စေပါတယ်။ ဒါကြောင့်ပဲ ဆိပ်ကမ်းတွေအပါအဝင် ရောမခေတ် ကွန်ကရစ်အဆောက်အအုံတွေဟာ နှစ်ပေါင်း ၂၀၀၀ ကျော်လာတဲ့အထိ တောင့်တင်းခိုင်မာနေဆဲပါပဲ။

အဲဒီလို ဓာတ်ပြုမှုသဘောတရားကို နားလည်ခြင်းဟာ မျက်မှောက်ခေတ် ဆောက်လုပ်ရေးလုပ်ငန်းပိုင်းမှာ ပြောင်းလဲတိုးတက်မှု ရစေနိုင်မယ်လို့ ယူဆထားကြပါတယ်။

Ref: Why was Roman concrete so durable?

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top