ဂျိမ်းစ်ဘွန်းဇာတ်ကားမှာ စတန့်ပြဖို့ အသုံးပြုခဲ့တဲ့ ကားကို ဒေါ်လာ ၃ သန်းကျော်နဲ့ လေလံတင်ရောင်းချ

9-30-2022-yyl-08.jpg

ဂျိမ်းစ်ဘွန်းဇာတ်ကားမှာ စတန့်ပြဖို့ အသုံးပြုခဲ့တဲ့ ကားကို ဒေါ်လာ ၃ သန်းကျော်နဲ့ လေလံတင်ရောင်းချ

“No Time to Die” ဂျိမ်းစ်ဘွန်းဇာတ်ကားမှာ စတန့်ပြဖို့ အသုံးပြုခဲ့တဲ့ Aston Martin DB5 ပုံတူကားကို စက်တင်ဘာ ၂၈ ရက်နေ့က ဒေါ်လာ ၃.၁၈ သန်းနဲ့ လေလံတင်ရောင်းချခဲ့ပါတယ်။ ရောင်းချမှုကနေ ရရှိတဲ့ အမြတ်ငွေတွေကို 007 နှစ် (၆၀) ပြည့်အထိမ်းအမှတ်ပစ္စည်းရောင်းချမှုအနေနဲ့ လေလံတင်ခဲ့တဲ့ ပစ္စည်း (၂၄) ခု ရောင်းရတဲ့ ရရှိငွေတွေနဲ့အတူ ပရဟိတကို လှူဒါန်းသွားမှာပါ။

ဂျိမ်းစ်ဘွန်းဇာတ်ကား “No Time to Die” အတွက် အထူးဒီဇိုင်းထွင်ထုတ်လုပ်ခဲ့တဲ့ Aston Martin DB5 စတန့်ကား

ဂျိမ်းစ်ဘွန်းရဲ့ Aston Martin DB5 ပုံတူကားက ရှေ့မီးခွက်နောက်ထဲမှာ အတုအယောင်စက်သေနတ်တွေ တပ်ဆင်ထားပါတယ်။ ဒီကားက ၂၀၂၁ ခုနှစ်ရဲ့ ဂျိမ်းစ်ဘွန်းဇာတ်ကား “No Time to Die” အတွက် အထူးဒီဇိုင်းထွင်ထုတ်လုပ်ခဲ့တဲ့ Aston Martin DB5 စတန့်ကား (၈) စီးထဲက တစ်ကားဖြစ်တဲ့အပြင် Aston Martin ကားကုမ္ပဏီနဲ့ EON ထုတ်လုပ်ရေးတို့ကနေ ရောင်းချတဲ့ တစ်ခုတည်းသော DB5 စတန့်ကားလည်းဖြစ်ပါတယ်။

နောက်ထပ်ပစ္စည်း ၃၅ ခုကိုလည်း အောက်တိုဘာ ၅ ရက်နေ့အထိ အွန်လိုင်းလေလံတင်ထားပါတယ်။ ရောင်းချတဲ့ အခြားပစ္စည်းတွေမှာ ကားတွေအပြင် ဂျိမ်းစ်ဘွန်းဇာတ်ကားနဲ့ဆက်စပ်တဲ့ ထူးခြားတဲ့ဝတ်စုံတွေ၊ အသုံးအဆောင်တွေ ပါဝင်ပါတယ်။

Ref: Tribune “James Bond’s Aston Martin sells for nearly $3 million”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top