နယူးဒေလီမြို့မှာ လေထုညစ်ညမ်းမှု ဆိုးရွားနေလို့ ကားတွေကို အလှည့်ကျစနစ်နဲ့ မောင်းနှင်ဖို့သတ်မှတ်

yyl-005-5.jpg

အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမြို့မှာ လေထုညစ်ညမ်းမှု အရမ်းဆိုးရွားနေလို့ ကားတွေကို အလှည့်ကျစနစ်နဲ့ မောင်းနှင်ဖို့ သတ်မှတ်လိုက်ပါတယ်။ နိုဝင်ဘာလ ၄ ရက်ကနေ ၁၅ ရက်အထိ နယူးဒေလီမြို့မှာ အိမ်စီးကားတွေကို ကားနံပါတ် စုံ၊ မအလိုက် တစ်လှည့်စီပဲ မောင်းနှင်ခွင့်ပေးထားပါတယ်။ အဲဒီသတ်မှတ်ချက်မှာ အများပြည်သူ ပို့ဆောင်ရေးစနစ်၊ အရေးပေါ်လူနာတင်ကား၊ အငှားယာဉ်တွေ မပါဝင်ပါဘူး။

ကားတွေကို အလှည့်ကျစနစ်နဲ့ မောင်းနှင်ဖို့ သတ်မှတ်ချက်ကို ချိုးဖောက်မယ်ဆိုရင်တော့ ဒဏ်ငွေ ရူပီး ၄၀၀၀ ချမှတ်ခံရမှာပါ။ နယူးဒေလီမြို့ လေထုမှာ ကျန်းမာရေးအန္တရာယ်ဖြစ်စေတဲ့ PM2.5 အမှုန်ပါဝင်မှုပမာဏက ဘေးကင်းလုံခြုံတယ်ဆိုတဲ့ သတ်မှတ်ချက်ထက် ၁၀ ဆ ပိုများနေပါတယ်။ ကားတွေကို အလှည့်ကျ မောင်းနှင်ခိုင်းတဲ့စနစ်က လေထုညစ်ညမ်းမှုကို လျှော့ချနိုင်မလားဆိုတာတော့ မသေချာသေးပါဘူး။ အိန္ဒိယနိုင်ငံရဲ့ ပြည်နယ်အစိုးရတွေက လေထုညစ်ညမ်းမှုနဲ့ပတ်သက်ပြီး ခေါင်းရှောင်နေကြတယ်၊ နယူးဒေလီမြို့ရဲ့ လေထုညစ်ညမ်းမှုကို တိုက်ဖျက်ဖို့ ထိထိရောက်ရောက်မလုပ်ကြဘူးလို့ အထက်တရားရုံးက စွပ်စွဲထားပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top