သမုဒ္ဒရာထဲ မျောပြီး ကျွန်းပေါ်ရောက်သွားရာကနေ ထူးဆန်းတဲ့အရာ ကြုံခဲ့ရသူ

uncel.jpg

တကယ့်ကို အံ့အားသင့်စရာဖြစ်ရပ်ပါပဲ။ ၂၀၁၁ ခုနှစ်မှာ ခရီဘာတီကျွန်းနိုင်ငံငယ်လေးမှ ငါးဖမ်းသမားနှစ်ယောက်ဟာ လှေတစ်စီးနဲ့ ငါးရှာထွက်ရင်း ပစိဖိတ်သမုဒ္ဒရာထဲမှာ ၃၃ ရက်ကြာ မျောပါသွားခဲ့ပါတယ်။ ဘူရာနီဘွယ်နဲ့ တွန်တာကေးတို့ဟာ တူနာငါးတွေ ဖမ်းပြီး စားသောက်ကြပေမဲ့ တစ်ခါတလေလည်း ငါးမမိလို့ ၃၊ ၄ ရက်လောက် ဘာမှ မစားရဘူး။

သူတို့ဟာ ကီလိုမီတာ ၆၀၀ ကျော် မျောပါသွားပြီးနောက်မှာတော့ လူဦးရေ ၆၀၀ လောက်နေထိုင်တဲ့ မာရှယ်ကျွန်းပေါ်က နမ်ဒရစ်သန္တာကျောက်ကျွန်းကို သောင်တင်ခဲ့ပါတယ်။ ကျွန်းပေါ်မှာရှိတဲ့ အမျိုးသမီးတစ်ယောက်က သူတို့ပြောတဲ့စကားကို နားလည်နေပြီးနောက်မှာတော့ တွန်တာကေးအတွက် အကြီးအကျယ် အံ့အားသင့်စရာ ကြုံခဲ့ရပါတယ်။


လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်ကတည်းက ပင်လယ်ကို ထွက်သွားရင်း သေသွားပြီလို့ ထင်ခဲ့တဲ့ သူ့ဦးလေးနဲ့ ပြန်တွေ့လိုက်ရတာပါပဲ။ ဘိုင်ရိုလို့ အမည်ရတဲ့ သူ့ဦးလေးဟာ ၁၉၅၀ ပြည့်နှစ်တဝိုက်က အဲဒီကျွန်းပေါ် ရောက်သွားပြီး ဌာနေကိုလည်း မပြန်တတ်တော့လို့ ကျွန်းပေါ်မှာပဲ အိမ်ထောင်ပြုပြီး မိသားစု ထူထောင်ခဲ့တာပါ။

တွန်တာကေးဟာ သူ့ဦးလေး ဘိုင်ရိုနဲ့အလားတူ ကံကြမ္မာမျိုး ကြုံခဲ့ပြီး ဒီကျွန်းပေါ်က ရောက်ခဲ့ပေမဲ့ သူကတော့ အိမ်ပြန်နိုင်ခဲ့ပါတယ်။ ဒီဖြစ်ရပ်ကတော့ ၂၀၁၁ ခုနှစ်က ဖြစ်ပွားခဲ့တာပါ။

Ref: Lost fishermen reach land – and solve a mystery

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top