သင်ဟာ သမီးမိန်းကလေးကိုပိုင်ဆိုင်ထားတဲ့ ဖခင်တစ်ယောက်ဆိုရင်

yyl-001-8.jpg

စာဖတ်ပရိသတ်တွေထဲမှာ သမီးမိန်းကလေးပိုင်ဆိုင်ထားတဲ့ ဖခင်တွေရှိကြလား။ သမီးမိန်းကလေးပိုင်ဆိုင်ထားတဲ့ ဖခင်တွေအတွက် ဒီဆောင်းပါးလေးက ဝမ်းသာစရာပါပဲ။ မိသားစုဘဝထဲကို သမီးမိန်းကလေးတွေက အပျော်တွေကို သယ်ဆောင်လာပေးနိုင်တာအပြင် သူတို့ဖခင်ရဲ့ဘဝကိုလည်း တန်ဖိုးရှိလှတဲ့နှစ်တွေ ထပ်ပေါင်းထည့်ပေးတယ်လို့ လေ့လာတွေ့ရှိချက်တွေက ဆိုပါတယ်။ ဒီလေ့လာချက်အရဆိုရင် သမီးမိန်းကလေးရှိတဲ့ဖခင်တွေက မရှိတဲ့လူတွေထက် ပိုပြီး အသက်ရှည်ရှည်နေနိုင်ကြပါတယ်။

လေ့လာချက်

ကလေးမွေးဖွားလာတဲ့အခါ ကျွန်တော်တို့တွေက မိခင်တွေအကြောင်းပဲ ပြောဖြစ်ကြတဲ့အတွက် ကလေးမွေးဖွားလာတဲ့အခါ ဖခင်တွေရဲ့ကျန်းမာရေးနဲ့ ခန္ဓာကိုယ်ကို ဘယ်လိုသက်ရောက်မှုရှိလဲဆိုတာကို ဒီလေ့လာချက်နဲ့ စမ်းသပ်ခဲ့ကြပါတယ်။ ဒီလေ့လာချက်ကို Jagiellonian University က ပြုလုပ်ခဲ့ကြတာဖြစ်ပြီး လူပေါင်း (၄၃၁၀) (မိခင် (၂၁၄၇)၊ ဖခင် (၂၁၆၃)) ကျော်က ဒေတာတွေကို စုဆောင်းခဲ့ကြတာပါ။

ရလဒ်

သားယောကျ်ားလေးတွေက ဖခင်တွေအပေါ် အကျိုးသက်ရောက်မှုသိပ်မရှိဘူးလို့ ထွက်ရှိလာခဲ့ပါတယ်။ ဒါပေမဲ့ သမီးမိန်းကလေးအရေအတွက်က မိဘတွေရဲ့ အသက်ရှည်ရှည်နေနိုင်မှုနဲ့ ဆက်စပ်နေတယ်ဆိုတာကို တွေ့ရှိခဲ့ရပါတယ်။ ဖခင်တွေက သမီးမိန်းကလေးများများပိုင်ဆိုင်လေလေ၊ အသက်ပိုရှည်လေလေပါပဲ။ အတိအကျပြောရရင် သမီးမိန်းကလေးတစ်ယောက်မွေးရင် (၇၄) ပတ်ကျော် ပိုပြီးနေနိုင်ပါတယ်။ ဒါက ဖခင်တွေအားလုံးအတွက် ကောင်းသတင်းပါပဲနော်။

American Journal of Human Biology မှာ ပါဝင်တဲ့ အခြားလေ့လာချက်မှာတော့ သားယောကျ်ားလေးကော၊ သမီးမိန်းကလေးကပါ မိခင်ရဲ့ကျန်းမာရေးပေါ် ကောင်းကျိုးမရှိဘဲ သူမရဲ့သက်တမ်းကို လျော့ချနိုင်တယ်လို့ ဆိုပါတယ်။ တစ်ကိုယ်တည်းသမားအဖြစ် အချိန်အကြာကြီးနေထိုင်တဲ့ အမျိုးသမီးတွေက ပိုပြီးပျော်ရွှင်ရတယ်လို့ နောက်ထပ်လေ့လာချက်က ဆိုပါတယ်။

ဆန့်ကျင်ဘက်လေ့လာချက်

ကလေးရှိတာကလည်း မိဘတွေရဲ့သက်တမ်းကို တိုးလာစေတယ်လို့ မတူတဲ့လေ့လာချက်အရ သိရပါတယ်။ ဒီလေ့လာချက်ရဲ့ဒေတာတွေကို (၁၄) နှစ်ကျော် စုဆောင်းခဲ့တာဖြစ်ပြီး ကလေးရှိတဲ့စုံတွဲက ကလေးတစ်ယောက်မှမရှိတဲ့စုံတွဲနဲ့ယှဉ်ရင် ပိုပြီးအသက်ရှည်ရှည်နေနိုင်ကြောင်း တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

Ref: Fathers who have daughters tend to live longer, says study

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top