မင်းသားဝန်ဘင်း  (ထယ်စောက်) ရဲ့တူမအရင်းဖြစ်တဲ့ တက်သစ်စမင်းသမီး

woon.jpg

သရုပ်ဆောင်အလုပ်မလုပ်တော့တာကြာပြီဖြစ်တဲ့ ထိပ်တန်းကိုရီးယားမင်းသားဝန်ဘင်း (ထက်စောက်) ရဲ့တူမအရင်းက တက်သစ်စမင်းသမီး ဟန်ဂါအူးဖြစ်တယ်လို သိရပါတယ်။ ဒီအကြောင်းကို မင်းသမီးရဲ့အေဂျင်စီက အတည်ပြုပေးခဲ့တာပါ။

ဟန်ဂါအူး က ၂၀၂၂ ခုနှစ်မှာ အဆိုတော် နမ်ယောင်ဂျိုရဲ့ “Again,Dream” သီချင်းမှာ ပါဝင်ရင်း ပွဲဦးထွက်ခဲ့တာပါ။ အဲ့ဒီအချိန်တုန်းက သူ့ရဲ့အေဂျင်စီ Story J Company ဟာ ဟန်ဂါအူးကို အကန့်အသတ်မရှိလုပ်ဆောင်နိုင်စွမ်းရှိတဲ့ မင်းသမီးတစ်ယောက်အဖြစ် ဖော်ပြရင်း သူနဲ့ စာချုပ်ချုပ်ဆိုလိုက်တာကို ကြေညာခဲ့ပါတယ်။

၂၀၂၅ ခုနှစ် စက်တင်ဘာလမှာတော့ ဟန်ဂါအူးက MBC ရုပ်သံလိုင်းရဲ့ To the Moon ဇာတ်လမ်းတွဲမှာ ပထမဆုံးသရုပ်ဆောင်ခွင့်ရခဲ့ပါတယ်။ သူဟာ တိတ်တဆိတ်အနုပညာလမ်းကြောင်းကို လျှောက်လမ်းနေပေမဲ့ မကြာသေးခင်က ထွက်ပေါ်လာခဲ့တဲ့ ဝန်ဘင်းရဲ့တူမအရင်းဖြစ်တယ်ဆိုတဲ့ အတွင်းရေးကိစ္စက လူအများကို အံ့အားသင့်စေခဲ့ပါတယ်။

အောက်တိုဘာ ၂၁ ရက်နေ့မှာတော့ Story J Company က တာဝန်ရှိသူတစ်ဦးဟာ Star News ကို “ဟန်ဂါအူးက ဝန်ဘင်းရဲ့အစ်မကမွေးတဲ့သမီးဖြစ်ပါတယ်။ သူတိုက ဆွေမျိုးအရင်းအခြားတွေပါ။ ဟန်ဂါအူးရဲ့နာမည်အရင်းက ဟွမ်ဂါအူးပါ”လို အတည်ပြုဖြေကြားသွားခဲ့ပါတယ်။

Ref: Rising actress Han Gaeul confirmed to be actor Won Bin’s niece, real name revealed as Hwang Gaeul

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top