ကမ္ဘာ့ဒေါသအကြီးဆုံးကြောင်လေးဂါဖီ (Garfi)

ga8.jpg

လူမှုကွန်ယက်တွေမှာ မြင်တွေ့နေရလေ့ရှိတဲ့ နာမည်ကြီးကြောင်လေးတစ်ကောင်ရှိပါတယ်။ ဒီကြောင်လေးကတော့ ဂါဖီ (Garfi) လို့အမည်ရပြီး မျက်နှာမှုန်သုန်သုန်နဲ့ လိမ္မော်ရောင်အမွှေးပွပွကြောင်လေးပါပဲ။ သူရဲ့မျက်နှာကိုမြင်ပြီး ကြောက်မသွားကြနဲ့ဦးနော်။ မျက်နှာထားသာဆိုးပေမဲ့ အတော်လေး ချစ်ဖို့ကောင်းပါတယ်။ သူ့ကို ကမ္ဘာ့ဒေါသအကြီးဆုံးကြောင်လေးလို့လည်းပြောကြပါတယ်။

ဂါဖီကို အရင်ဆုံးတွေ့လိုက်တာနဲ့ သူရဲ့အပြင်ပုံပန်းအသွင်အပြင်ကြောင့် စာဖတ်ပရိသတ်တွေကို နည်းနည်းလေး တွန့်ဆုတ်သွားစေနိုင်ပါတယ်။ တကယ်တော့ ကမ္ဘာ့ဒေါသအကြီးဆုံးကြောင်ဆိုတဲ့နာမည်နဲ့မလိုက်အောင် သူဟာ လူခင်တတ်ပြီး ပျော်ပျော်လည်းနေတတ်ပါတယ်။

ဂါဖီက တူရဂီနိုင်ငံမှာ သူရဲ့သခင် ဟူယာ အဇကတ် (Hulya Ozkok) နဲ့နေပြီး သူရဲ့ဘဝကို ကျေနပ်ပျော်ရွှင်နေတဲ့ကြောင်လေးပါ။ ဂါဖီရဲ့ ပုံတွေကို Flickrအကောင့်မှာ တင်လိုက်ကတည်းက လူသိများသွားခဲ့တာဖြစ်ပါတယ်။ ဂါဖီလေးက ကာတွန်းကြောင်လေးတွေလိုပဲ ချစ်ဖို့ကောင်းပါတယ်။ နဂိုမျက်နှာထားကြောင့်သာ ဒေါသထွက်နေသလိုဖြစ်နေတာဖြစ်ပါတယ်။

တကယ်ဆိုရင် ကြောင်အများစုက ရေကြောက်ကြပါတယ်။ ဒါပေမဲ့ ဂါဖီကတော့ သာမန်ကြောင်တွေနဲ့မတူပဲ ရေမြင်ရင် သဘောကျတတ်ပါတယ်။ ဂါဖီက ကလေးတွေအတွက် အပေါင်းအဖော်လည်းဖြစ်ပြီး သူပျော်ရွှင်တဲ့အခါ တက်ကြွတဲ့ပုံပေါ်ပြီး ရယ်စရာလည်းကောင်းပါတယ်။

ဂါဖီလို ကြောင်မျိုးတွေက လူတွေရဲ့ချစ်ခြင်းမေတ္တာ၊ ဂရုစိုက်မှုတွေကို လိုအပ်ပါတယ်။ လူတွေနဲ့နေရတာကြိုက်ပြီး အထီးကျန်ဆန်တာ မကြိုက်တဲ့ကြောင်မျိုးလည်းဖြစ်ပါတယ်။ ဂါဖီရဲ့အပြင်ပုံပန်းအသွင်အပြင်ကို ကြည့်ပြီးအကဲဖြတ်မယ်ဆိုရင် မှားသွားမယ်နော်။ အလားတူစွာပဲ လူတွေကိုလည်း အပြင်ပုံပန်းအသွင်အပြင်ကြည့်ရုံနဲ့မသိနိုင်တဲ့အတွက် အကဲဖြတ်ဝေဖန်ခြင်းမလုပ်မိပါစေနဲ့။

Ref: Meet Garfi, The World’s Angriest Cat
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top