ခန္ဓာကိုယ်ရဲ့ ၈၄ ရာခိုင်နှုန်းလောက်မီးလောင်ခဲ့ပေမဲ့ ဘဝကို အကောင်းဆုံးရှင်သန်နေသူ

fire2.jpg

အသက် ၁၇ နှစ်အရွယ် ဒီလန် မေးလ်ဆိုတဲ့ ကောင်လေးက မီးလောင်မှုကနေ အသက်ရှင်ကျန်ရစ်သူပါ။ ၁၇ လသားအရွယ်မှာ အိမ်မီးလောင်မှုကြောင့် သူ့ရဲ့ခန္ဓာကိုယ် ၈၄ ရာခိုင်နှုန်း မီးလောင်ကျွမ်းခဲ့ရပါတယ်။ ပြင်းထန်တဲ့ မီးလောင်ဒဏ်ရာတွေကြောင့် အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိဖြစ်ခဲ့ရတာပါ။ သူ့အဖေကလည်း သူ့ကို ကယ်တင်ဖို့ကြိုးစားရင်း ဆိုးရွားစွာ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။


ဒီလန်က မရေတွက်နိုင်တဲ့ခွဲစိတ်ကုသမှုတွေခံယူခဲ့ရပြီး နှစ်တော်တော်ကြာ ကုသမှုခံယူခဲ့ရပေမဲ့ သူက စိတ်ဓာတ်ကျသွားခဲ့ခြင်းမရှိဘဲ စိတ်ဓာတ်မာကျောနေတုန်းပါပဲ။ အခုဆို အားကစားလုပ်ရင်း၊ လူမှုအသိုက်အဝိုင်းကို စိတ်ဓာတ်မြှင့်တင်ပေးရင်းနဲ့ သူ့ဘဝကို အကောင်းဆုံးရှင်သန်နေပါတယ်။


မကြာသေးခင်က သူဟာ Tarkington ISD ကျောင်းမှာ အသက် ၄ နှစ်ကတည်းက အချစ်ဆုံးသူငယ်ချင်းဖြစ်ခဲ့တဲ့ အက်ရှ်လင်း ပရိုင်းမတ်စ် ဆိုတဲ့ကောင်မလေးနဲ့အတူ Homecoming King အဖြစ် Tarkington ISD ကျောင်းမှာ ရွေးချယ်ခံခဲ့ရပါတယ်။ သူ့ရဲ့ဇာတ်လမ်းက စစ်မှန်တဲ့အလှတရားဟာ အရေပြားထက်ပိုနက်ရှိုင်းတယ်ဆိုတာနဲ့ လူတစ်ယောက်ဟာ ခံနိုင်ရည်၊ မျှော်လင့်ချက်တွေနဲ့ ကြေကွဲဖွယ်အဖြစ်ဆိုးကနေ ပြန်လည်ရှင်သန်နိုင်တယ်ဆိုတာကို လူအများကို သိရှိစေခဲ့ပါတယ်။

Ref: 17-Year-Old Burn Survivor Elected Homecoming King

WL ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top