ပျက်ကပ်ထဲမှာ စာနာစိတ်မွေးလို့ လူတွေရဲ့နှလုံးသားထဲ ရောက်ခဲ့သူ ဆစ်ဒနီမေယာ

9-7-2022-yyl-35.jpg

၁၉၃၀ ကမ္ဘာ့စီးပွားပျက်ကပ် ကြုံခဲ့စဉ်မှာ သြစတြေးလျစီးပွားရေးလုပ်ငန်းရှင် ဆစ်ဒနီမေယာက သူ့ဝန်ထမ်းတွေကို အလုပ်မဖြုတ်ရက်ဘူး။ ဒီတော့ လစာလျှော့ပြီး အလုပ်ဆက်ပေးထားဖို့ ဆုံးဖြတ်ခဲ့တယ်။ အဲဒီနှစ် ခရစ္စမတ်နေ့မှာလည်း မဲလ်ဘုန်းမြို့က ကမ္ဘာ့အမွေအနှစ် စာရင်းဝင် Royal Exhibition Building မှာ အလုပ်လက်မဲ့ ဖြစ်နေသူ ၁၀၀၀၀ ကို ခရစ္စမတ်ညစာ ကျွေးတယ်။ ကလေးငယ်အားလုံးကိုလည်း ခရစ္စမတ် လက်ဆောင်တွေ ပေးခဲ့တယ်။

သူ့ရဲ့ကြင်နာမှုက လူတွေရဲ့ နှလု့းသားထဲ ရောက်ရှိခဲ့ပါတယ်။ ၁၉၃၄ ခုနှစ်မှာ သူ ကွယ်လွန်တော့ သူ့ရဲ့ဈာပနကို လိုက်ပါပို့ဆောင်သူ ၁ သိန်းကျော် ရှိခဲ့တာပါ။ ဆစ်ဒနီမေယာဆိုတာ သြစတြေးလျနိုင်ငံရဲ့ အကြီးမားဆုံး ကုန်တိုက်လုပ်ငန်းစု Myer ကို တည်ထောင်ခဲ့သူပါ။ ရုရှားမှာ မွေးဖွားတဲ့ ဆစ်ဒနီမေယာဟာ အင်္ဂလိပ်စာလည်း ကောင်းကောင်းမတတ်၊ ပိုက်ဆံလည်း သိပ်မပါဘဲ သူ့အစ်ကိုရှိရာ သြစတြေးလျကို ရောက်လာခဲ့ပြီး စီးပွားရေးအင်ပါယာ ထူထောင်နိုင်ခဲ့သူပါ။

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top