Guiness စံချိန်ဝင်ခဲ့တဲ့ မက္ကဆီကန်အကသမားများရဲ့ Folk အကပွဲ

69916159_2234286766697235_841390282334273536_n.jpg

ပြီးခဲ့တဲ့ သြဂုတ်လ (၂၄) ရက်က မက္ကဆီကန်အမျိုးသား၊ အမျိုးသမီးအကသမား (၈၈၂) ဦးပါဝင်တဲ့ အကအဖွဲ့ဟာ မက္ကဆီကိုနိုင်ငံ၊ ဂွာဒါလာဂျာရာမြို့မှာ Mariachi ဂီတသံစဉ်တွေနဲ့ ကပြဖျော်ဖြေပြီး ကမ္ဘာ့စံချိန်တစ်ခုကို ရရှိခဲ့ပါတယ်။

စံချိန်တင်မှတ်တမ်းဝင်နိုင်ဖို့အတွက် အကသမားတွေအနေနဲ့ ကကွက်အစီအစဉ်အမှားအယွင်း လုံးဝမရှိစေဘဲ အချိန် (၅) မိနစ်ကျော်အောင် ညီညီညာညာကပြနိုင်ရမှာဖြစ်ပါတယ်။ အခုကပြခဲ့ကြတဲ့ မက္ကဆီကန်အကသမား (၈၈၂) ယောက်ကတော့ ဒါကို အောင်အောင်မြင်မြင်လုပ်ဆောင်ပြခဲ့ပြီး ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းမှာ “ကမ္ဘာ့အကြီးဆုံး ဖော့ခ်ကပွဲ” အဖြစ် မှတ်တမ်းဝင်သွားခဲ့တာပါ။

ဒီဖျော်ဖြေမှုကို လာရောက်အားပေးခဲ့သူတစ်ဦးဖြစ်တဲ့ ကာလာ ဂယ်လာရာဒို (Karla Gallardo) က “တကယ့်ကို အပေးအယူညီညွတ်ပြီး မက္ကဆီကန်ရိုးရာအငွေ့အသက်တွေ အပြည့်အဝပါဝင်နေတဲ့ ရင်သပ်ရှုမောစရာဖျော်ဖြေမှုတစ်ခုပါ” လို့ မှတ်ချက်ပြုခဲ့ပါတယ်။

ယခင်ကတင်ထားဖူးတဲ့ “ကမ္ဘာ့အကြီးဆုံး ဖော့ခ်ကပွဲ” စံချိန်ကိုလည်း မက္ကဆီကိုလူမျိုးအကသမား (၄၅၇) ဦးက ဂွာဒါလာဂျာရာမြို့မှာပဲ ၂၀၁၁ ခုနှစ်အတွင်းက ကပြဖျော်ဖြေပြီးရရှိခဲ့တာဖြစ်ပါတယ်။

Ref: CGTN “Nearly 900 Mexicans broke Guiness World Record performing folk dance”
TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top