သိပ္ပံပညာရှင်တွေက ကမ္ဘာ့အကြီးဆုံးပင့်ကူအိမ်ကြီးကို ဂရိနဲ့ အယ်လ်ဘေးနီးယားနယ်စပ်ရှိ ရေအောက်လိုဏ်ဂူတစ်ခုမှာ ရှာဖွေတွေ့ရှိခဲ့တာပါ။ အဲ့ဒီပင့်ကူအိမ်ကြီးက Sulfur လိုဏ်ဂူနံရံတစ်လျှောက်မှာ မျက်နှာပြင်ဧရိယာ ၁၀၇၆.၄ စတုရန်းပေရှိပြီး ပင့်ကူမျိုးစိတ် ၂ မျိုးက ခန့်မှန်းခြေ ပင့်ကူ ၁၁၀၀၀၀ လောက်ရဲ့အိမ်ဖြစ်နေခဲ့ပါတယ်။
အဲ့ဒီပင့်ကူအိမ်မှာ Tegenaria domestica အမျိုးအစား ပင့်ကူအကောင်ရေ ၆၉၀၀၀ နဲ့ Prinerigone vagan အမျိုးအစား ပင့်ကူအကောင်ရေ ၄၂၀၀၀ ဝန်းကျင်လောက်ရှိပါတယ်။ မော်လီကျူးဒေတာတွေက ပင့်ကူမျိုးစိတ် ၂ မျိုးရဲ့အတောက်အထားတွေကို အတည်ပြုခဲ့တာပါ။ ပင့်ကူမျိုးစိတ်က လိုဏ်ခေါင်းထဲက ပေးစွမ်းတဲ့ အရင်းအမြစ်တွေနဲ့ အကောင်ရေကြီးထွားအောင် လုပ်ဆောင်နိုင်ခဲ့ကြပါတယ်။ လိုဏ်ဂူမှာ မျိုးရင်း ၂၀ ကနေ မျိုးစိတ်ပေါင်း ၅၁၂ မျိုးလည်းပါဝင်တယ်လို့ သိပ္ပံပညာရှင်တွေတွေ့ရှိထားပါတယ်။

The Czech Speleological Society က လိုဏ်ဂူရှာဖွေသူအဖွဲ့တစ်ဖွဲ့ဟာ ၂၀၂၂ ခုနှစ်မှာ ပင့်ကူအိမ်ကို ပထမဆုံးရှာဖွေတွေ့ရှိခဲ့ပြီး Sapientia Hungarian University of Transylvania ရဲ့ သုတေသီ István Urák က ၂၀၂၄ ခုနှစ်မှာ ပင့်ကူအိမ်ကို ခွဲခြမ်းစိတ်ဖြာဖို့ လိုဏ်ဂူကို လာရောက်ခဲ့တာပါ။
Ref: World’s Largest Spider Web, Home to 110,000 Arachnids, Found in Underwater Cave
WL (ရိုးရာလေး)

