၂၀၁၅ ခုနှစ်တုန်းက အမေရိကန်နိုင်ငံ အီလီနွိုက်ပြည်နယ်မှာ ဂျိုးဘာဂါနဲ့ အက်ရှ်လေကင်းတို့ရဲ့ လက်ထပ်ပွဲကို Burger King ဟမ်ဘာဂါကုမ္ပဏီက စပွန်ဆာပေးခဲ့ဖူးပါတယ်။ သူတို့ ၂ ယောက်ဟာ ဟာသသဘောမျိုးနဲ့ Burger King ဆိုင်းဘုတ်ကို နောက်ခံထား ဓာတ်ပုံရိုက်ပြီး စေ့စပ်ကြောင်းလမ်းခြင်းကြော်ငြာကို သတင်းစာထဲ ထည့်ခဲ့ရာမှာ Burger King ကုမ္ပဏီ တာဝန်ရှိသူတွေက သတိထားမိသွားတာကြောင့် သူတို့မင်္ဂလာပွဲကို ကုန်ကျစရိတ် စိုက်ထုတ်ပေးပြီး ဈေးကွက်ထိုးဖောက်မှုလုပ်ခဲ့တာပါ။
မင်္ဂလာပွဲမှာ ဂျိုးဘာဂါနဲ့ အက်ရှ်လေကင်းတို့ဟာ Burger King အမှတ်တံဆိပ်ပါ သရဖူဆောင်းပြီး ဓာတ်ပုံရိုက်ခဲ့ကြသလို သတို့သားအရန်တွေကလည်း ဟမ်ဘာဂါဒီဇိုင်း ခြေအိတ်နဲ့တီရှပ်တွေကို ဝတ်ဆင်ခဲ့ကြပါတယ်။ ဒါဟာ ဟမ်ဘာဂါကုမ္ပဏီတစ်ခုက မင်္ဂလာဆောင်အခမ်းအနားတစ်ခုကို ပထမဆုံးအကြိမ် စပွန်ဆာပေးခြင်း ဖြစ်ပါတယ်။

ဂျိုးဘာဂါနဲ့ အက်ရှ်လေကင်းတို့ဟာ သမီးလေးတစ်ဦး ထွန်းကားခဲ့ပြီး ၂၀၂၀ ပြည့်နှစ်မှာတော့ ကွာရှင်းပြတ်စဲခဲ့ကြပါတယ်။
Ref:Burger King Pays for Couple’s Wedding
NZ ( ရိုးရာလေး)

