ကေပေါ့စ်ကြိုက်တဲ့ညီမဖြစ်သူကို ကင်ဂျုံအန်ပုံပါမွေးနေ့ပွဲ ကျင်းပပေးခဲ့တဲ့ အစ်ကိုဖြစ်သူ

30-9-2020-yyl-004.jpg

လူငယ်တွေကြားမှာ ကိုရီးယားအဆိုတော်တွေ၊ သရုပ်ဆောင်တွေ၊ ကေပေါ့စ်သီချင်းတွေ ခေတ်စားနေတယ်ဆိုတာ လူတိုင်းအသိပါပဲ။ ကိုရီးယားနိုင်ငံမှာမှ တောင်ကိုရီးယားကသာ ကေပေါ့စ်အဆိုတော်တွေ၊ သရုပ်ဆောင်တွေကို မွေးထုတ်ပေးနေပြီး နိုင်ငံတကာအထိတောင် အောင်မြင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ကမ္ဘာတစ်ဝှမ်းက ပရိသတ်တွေ ပိုပိုပြီးများလာနေပါတယ်။ ဆယ်ကျော်သက်ကလေးတွေက BLACKPINK, BTS, EXO လို ကေပေါ့စ်အဖွဲ့တွေကို အရမ်းကြိုက်နှစ်သက်ကြတာများပါတယ်။

ကေပေါ့စ်ကို အရမ်းရူးသွပ်တဲ့ ဆယ်ကျော်သက်တွေထဲမှာ ဘရာဇီးနိုင်ငံက အသက် ၁၂ နှစ်အရွယ် အီမန်နူရယ်လာ ဆိုတဲ့ ကောင်မလေးကိုလည်း ချန်ထားလို့မရပါဘူး။ ဒီကောင်မလေးက ကေပေါ့စ်ပရိသတ်တစ်ယောက်ဖြစ်တဲ့အတွက် သူ့မွေးနေ့ရောက်တဲ့အချိန်ကျရင် ကေပေါ့စ်အဆိုတော်ပုံတွေပါတဲ့ မွေးနေ့ပွဲလေးကျင်းပချင်ခဲ့တာပါ။ ဒါကြောင့် ကေပေါ့စ်ကြိုက်တဲ့ အီမန်နူရယ်လာအတွက် အစ်ကိုဖြစ်သူက သူ့ညီမလေးအကြိုက်မွေးနေ့ပွဲလေး စီစဉ်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

အီမန်နူရယ်လာ မျှော်မှန်းထားတဲ့အတိုင်း မွေးနေ့ပွဲလေးကဖြစ်မလာခဲ့ပါဘူး။ ဘာလို့လဲဆိုရင် သူ့အစ်ကိုက သူကြိုက်တဲ့ကေပေါ့စ်အနုပညာရှင်တွေမဟုတ်ဘဲ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ပုံတွေနဲ့ မွေးနေ့ပွဲလေးလုပ်ပေးခဲ့လို့ပါပဲ။ သူ့အစ်ကို မွေးနေ့ပွဲလေး ဖန်တီးပေးမယ်ဆိုတော့ အီမန်နူရယ်လာက အခုလိုရလဒ်မျိုးဖြစ်လာလိမ့်မယ်လို့ သူမတွေးထားခဲ့တာပါ။

“ဒီနေ့ကတော့ ကျွန်တော့်ညီမလေးရဲ့မွေးနေ့ပါ။ သူက ကေပေါ့စ်ပရိသတ်တစ်ယောက်ပါ။ မွေးနေ့အပြင်အဆင်အတွက် ကျွန်တော်တာဝန်ယူခဲ့ပါတယ်။ ကျွန်တော် ကေပေါ့စ်အဖွဲ့တွေကို မသိတဲ့အတွက် ကျွန်တော်သိတဲ့ နာမည်ကြီးကိုရီးယားလူမျိုးတစ်ယောက်နဲ့ မွေးနေ့ပွဲပြင်ဆင်ခဲ့ပါတယ်။ ဒါကို ညီမလေးကြိုက်ခဲ့ပါတယ်”လို့ အီမန်နူရယ်လာရဲ့အစ်ကို ဗီတာ ဒီဆိုဇာ (Vitor de Souza) က ဖေ့စ်ဘွတ်မှာ မွေးနေ့ပွဲက ပုံတွေနဲ့အတူ ရေးသားခဲ့ပါသေးတယ်။ အီမန်နူရယ်လာအတွက်တော့ အသက် (၁၂) နှစ်ပြည့်မွေးနေ့လေးက မေ့မရနိုင်တဲ့နေ့လေးဖြစ်ပါလိမ့်မယ်။

မွေးနေ့ပွဲအပြင်အဆင်တွေကတော့ ကင်ဂျုံအန်ပုံတွေနဲ့ဖြစ်ပြီး မွေးနေ့ကိတ်မှာလည်း ကင်ဂျုံအန်ပုံအသေးစားလေးတွေပါသေးပါတယ်။ အီမန်နူရယ်လာရဲ့အစ်ကို မျှဝေခဲ့တဲ့ မွေးနေ့ပွဲက ပုံတွေကလည်း လူမှုကွန်ယက်အကောင့်မှာ ပျံ့နှံ့သွားခဲ့ပြီး ပရိသတ်တွေက ကြိုက်နှစ်သက်ခဲ့ရပါတယ်။


ပုံတွေမှာ အစ်ကိုဖြစ်သူရဲ့အပျော်တွေကို မြင်တွေ့ရမှာဖြစ်သလို ညီမဖြစ်သူအီမန်နူရယ်လာရဲ့မျက်နှာမှာတော့ အနည်းငယ်စိတ်ပျက်နေတာကိုတွေ့ရမှာပါ။ အစ်ကိုရှိတဲ့ညီမတွေကတော့ ဒီလိုရယ်စရာဖြစ်ရပ်မျိုးတွေနဲ့ တွေ့ကြုံရမှာတော့ အမှန်ပါပဲ။ စာဖတ်ပရိသတ်တွေမှာရော ဒီလိုအစ်ကိုမျိုးပိုင်ဆိုင်ထားကြလား….

Ref: Boredpanda “Brother Throws His K-Pop Fan Sister A Kim Jong-Un-Themed 12th Birthday Party Since He’s The “Most Famous Korean” He Knows”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top